ရှေ့သို့
Image

ကျွန်တော်တို့က ဖလား ၁၁ လုံးရပြီးပါပြီလို့ မန်းစီးတီး နောက်ခံလာပိုတေး ယူနိုက်တက်အား ထေ့ငေါ့

10:35 AM, 1 April

မန်းစီးတီးရဲ့ နောက်ခံလူလာပိုတေးကတော့ ယူနိုက်တက် ဖလားတစ်လုံးမှမရခဲ့တဲ့ လေးနှစ်အတွင်းမှာ သူတို့ဟာ ဖလား ၁၀ လုံးရယူခဲ့ပြီးဖြစ်တယ်လို့ သရဲနီဖန်တွေကို သရော်လိုက်ပါတယ်။ မန်းစီးတီးအသင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး ပရီးမီးယားလိဂ်မှာ ရှယ်ကြမ်းနေခဲ့တာဖြစ်ပြီး သူတို့ရဲ့ပြိုင်ဖက်ကတော့ ၂၀၁၃ က ဖာဂူဆန်အနားယူသွားပြီးတည်းက ဖာဂူဆန်လက်အောက်ကလို အောင်မြင်မှုမျိုး ရယူနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

လာပိုတေးကတော့ ၂၀၁၈ တုန်းက မန်းစီးတီးကို ရောက်လာပြီးတည်းက  ဆုဖလားရှစ်ခုလုံးမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ လာပိုတေးကတော့ သူ့ရဲ့ပြိုင်ဖက်တွေဟာ မန်စီးတီးရှုံးတာကို ကြည့်ချင်နေကြတာဖြစ်ပြီး သူတို့အောင်မြင်တာကို မနာလိုဖြစ်နေမယ်လို့လည်းပြောခဲ့ပါတယ်။

“ခင်ဗျားတို့လည်း တော်တော်လေးသတိထားမိမယ်ထင်တယ်။ သူတို့က ကျွန်တော်တို့နိုင်နေတာကို ပုံမှန်မဟုတ်ဘူးလို့ထင်နေကြတာဗျ။ ကျွန်တော် အမှတ်မမှားမိဘူးဆိုရင် ကျွန်တော်တို့က လွန်ခဲ့တဲလေးနှစ်အတွင်း ဖလား ၁၁ လုံးတောင်အနိုင်ရခဲ့တာဗျ။ ဒီတော့ဗျာ တစ်လုံးမှ မရတဲ့ တစ်မြို့တည်းနေတဲ့သူတွေက စိတ်အနှောင့်အယှက်ဖြစ်နေမှာပေါ့ဗျလို့ဆိုပါတယ်။ တကယ်တော့ ဖလား ၁၀ လုံးပါ။ ပရီးမီးယားဖလား သုံးလုံးပါဝင်ပါတယ်။ ယူနိုက်တက်ကတော့ ၂၀၁၇ တည်းက ယူရိုပါလိဂ်မှာ ဘာမှမနိုင်တော့တာပဲဖြစ်ပါတယ်။ သူတို့က သူတို့နောက်မှာ လူတွေအများကြီးရှိတယ်ဗျ။ အထောက်အပံတွေရောပေါ့။ တစ်မြို့ထဲမှာချင်း အတူတူဗျာ။ သူတို့က ငွေပိုသုံးတာပဲဆိုတော့ တစ်ချို့တွေက စိတ်ပျက်မှာပေါ့။ လူတိုင်းကတော့ ကိုယ့်ဟာကိုယ် ကာကွယ်ကြမှာပါပဲ။ ကျွန်တော်ကတော့ မန်းစီးတီးကို ယုံတယ်ဗျ။ ဒီနှစ်လည်း ကျွန်တော်တို့တွေ ဖလားတွေအများကြီး ထပ်ရဦမယ်လို့ ထင်ပါတယ်”လို့ ထပ်လောင်းပြောကြားသွားပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #လာပိုတေး