ရှေ့သို့
Image

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂါနာ အတွက် ပြောင်းကစားပေးဖွယ်ရှိနေတဲ့ အိုဒွိုင်းလ်

9:43 AM, 1 April

အသက် ၂၁ နှစ်သားဟာ အင်္ဂလန်အသင်းထံကနေ ဂါနာအသင်းထံ ပြောင်းရွှေ့ကစားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အိုဒွိုင်းလ်တစ်ယောက် အင်္ဂလန်ကနေ ဂါနာကို ပြောင်းလဲဖို့ စဉ်းစားနေကြောင်း GOAL သတင်းဌာနက အတည်ပြုခဲ့ပါတယ်။

နိုင်ဂျီးရီးယားကို ၂ ကျော့ပေါင်းရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဂါနာအသင်းဟာ မတ်လ ၂၉ ရက်နေ့က ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့ပါတယ်။ အသက် ၂၁ နှစ်သားဟာ အင်္ဂလန်အသင်းအတွက် ၂ နှစ်ခွဲ ပါဝင်ကစားပေးထားခဲ့ပေမယ့် နိုင်ငံပြောင်းလဲကစားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဖီဖာရဲ့ ၂၀၂၀ မှာ ပြောင်းလဲလိုက်တဲ့ စည်းမျည်းတွေအရ နိုင်ငံအသင်းတသင်းအတွက် ၃ ပွဲထက်ပိုမကစားထားတဲ့ ကစားသမားတွေသာ နိုင်ငံပြောင်းလဲခွင့်ရှိတယ်လို့ သတ်မှတ်ထားပပါတယ်။

လန်ဒန်မှာ မွေးဖွားခဲ့ပေမယ့် သူ့ရဲ့အဖေဖြစ်သူက ဂါနာသွေးပါတဲ့သူတစ်ဦးဖြစ်နေသလို လွန်ခဲ့တဲ့နှစ်တွေလောက်တုန်းကလည်း အိုဒွိုင်းလ်တယောက် ဂါနာကို အလည်အပတ်ရောက်ရှိခဲ့သေးတာဖြစ်ပါတယ်။ အမှန်တကယ်မှာ အိုဒွိုင်းလ်ဟာ ဂါနာသမ္မတ နာနာရဲ့ ဖိတ်ကြားမှုကြောင့် သွားရောက်ခဲ့တာဖြစ်သလို ဂါနာအက်ဖ်အေနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်။

လာမယ့်ကမ္ဘာ့ဖလားအတွက် ဆုံးဖြတ်ချက်အမြန်ချမှတ်ရမှာဖြစ်ပြီး သူ့အတွက် အလှည့်အပြောင်းတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဆောက်ဂိတ်ရဲ့အင်္ဂလန် အသင်းမှာ ကစားသမားကောင်းတွေ များပြားနေပြီး တောင်ပံံမှာ ဆန်ချို ၊ ရက်ရှ်ဖို့ဒ်အပြင် ဖိုဒန်၊ စတာလင် နဲ့ ဂရီးလစ်ချ်တို့လည်း ရှိနေတာဖြစ်ပါတယ်။

တူချယ်ရောက်လာပြီးကတည်းက အိုဒွိုင်းလ်တစ်ယောက် နေရာရဖို့ ရုန်းကန်နေရပြီး အရွှတ်ကြောဒဏ်ရာကြောင့် နားနေရတာဖြစ်ပါတယ်။

#ဂါနာ #၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ #အင်္ဂလန် #အိုဒွိုင်း