ရှေ့သို့
Image

ကက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုလိုက်တဲ့ ဘက်စ်ကွက်

8:47 AM, 1 April

ကလပ်ဟာ အေစီမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ကက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်လို့ ဘာစီလိုနာ အသင်းရဲ့ကွင်းလယ်ကစားသမား ဘက်စ်ကွက်က ပြောဆိုလိုက်ပါတယ်။ ရာသီကုန်မှာ ကက်ဆီဟာ အေစီမီလန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး နူးကမ့်သို့ အလွတ်ပြောင်းရွေ့ကြေးဖြင့် ရောက်လာမှာဖြစ်ပါတယ်။

အိုင်ဗရီကို့စ်ကွင်းလယ်စတားဟာ အေစီမီလန်သို့ ၂၀၁၉ခုနှစ်က အတ္တလန္တာကနေ ပြောင်းရွေ့လာခဲ့သူဖြစ်ပြီး ကွင်းလယ်မှာ ခြေစွမ်းပြသနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ လျှင်မြန်ပြီး အသားကျလွယ်ကာ အချိန်တိုင်း ဂိုးတွေရရှိဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ကစားသမားရဲ့ ရောက်ရှိမှုကိုတော့ ဘာစီလိုနာက တရားဝင်အတည်ပြုထားခြင်းတော့မရှိသေးပါဘူး။ သို့သော်လည်း ဘာစီလိုနာက အလွတ်ဖြင့်ရရှိမယ်ဆိုတာကို အတည်ပြုလို့ရပါတယ်။

ကက်ဆီရဲ့အပြောင်းအရွေ့နှင့်ပတ်သက်ပြီး ဘက်စ်ကွက်က"သူ့ကိုခေါ်ယူခဲတဲ့နည်းပြနှင့် သူက သေချာပေါက် အသားကျမှာပါ။ အသင်းက အခုလိုတောင့်တင်းလာပြီး ကစာသမားတွေက ပြောင်းရွေ့ချင်ကြတဲ့အပေါ် ကျွန်တော်ပျော်ရွင်မိပါတယ်။ သူကစားတာကိုလည်း ကျွန်တော်ကြည့်ခဲ့ပါတယ်။ သူဟာ သန်မာပြီး ဘောလုံးကိုဆုံးရှုံးခြင်းမရှိဘဲ ထိန်းကစားနိုင်ကာ သူကအကောင်းဆုံးလုပ်ပြီး ကျွန်တော်တို့ကို ကူညီမယ်ဆိုတာ သေချာပေါက် ယုံကြည်ပါတယ်" လို့ ပြောပါတယ်။

ပြောဆိုခဲ့တဲ့ စကားတွေကြောင့် ကက်ဆီဟာ အေစီမီလန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက စာချုပ်သက်တမ်းတိုးမှုကို ငြင်းဆိုခဲ့သော်လည်း ဆန်စီရိုမှာ အမြဲတမ်းနေချင်ပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနှင့် စာချုပ် ချုပ်လိုက်ပြီဖြစ်တဲ့ ကစားသမားဟာ အသင်းအတွက် ၂၁၄ ပွဲကစားခဲ့ပြီး ၃၆ ဂိုး သွင်းယူကာ ၁၆ ဂိုး ဖန်တီးပေးထားပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဘာစီလိုနာနှင့် ၄ နှစ်သက်တမ်းရှိစာချုပ် ချုပ်ခဲ့တာဖြစ်ပြီး နူးကမ့်ရှိ ဆေးစစ်မှုကိုလည်း အောင်မြင်ခဲ့ပြီးပြီဖြစ်ပါတယ်။ သူဟာ တစ်နှစ်လုပ်ခ ယူရို ၆.၅ သန်း ရရှိမှာဖြစ်ပါတယ်။ မီလန်မှာတုန်းက ကက်ဆီဟာ စွယ်စုံရကွင်းလယ်ကစားသမားအဖြစ် သက်သေပြခဲ့တာပါ။

ကွင်းလယ်ကစားသမားဖြစ်တဲ့ အတ္တလန္တာ ကစားသမားဟောင်းဟာ တိုက်စစ်မှုးတွေကို ထောက်ပံ့ပေးနိုင်ပြီး ကွင်းလယ်ခံစစ်ကစားသမားအဖြစ်ပါကစားနိုင်နေတာဖြစ်ပါတယ်။အိုင်ဗရိကို့စ်နိုင်ငံသားရောက်ရှိလာခြင်းနှင့်
အတူ ဇာဗီကတော့ သူ့ရဲ့ကွင်းလယ်ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဘက်စ်ကွက်စ်ရဲ့နေရာကမှာ အစားဝင်ရောက်နိုင်မှာဖြစ်သလို သို့မဟုတ် ဒီဂျောင်ရဲ့နေရာကိုလည်း ဝင်ရောက်ကစားနိုင်မှာဖြစ်ပါတယ်။ ဇာဗီကတော့ ကွင်းလယ် ၄ဦး ကစားကွက်ဖြင့် အသင်းကို သာလွန်အောင် လုပ်ဆောင်လိုနေတာပါ။ အသင်းမှာ ကက်ဆီလိုကစားသမားရှိနေခြင်းက ဘာစီလိုနာဟာ အသင်းရဲ့ကွင်းလယ်ကို အသစ်ဖြစ်သွားစေပါတယ်။

#စီးရီးအေ #အေစီမီလန် #ဘက်စ်ကွက် #ကက်ဆီ