ရှေ့သို့
Image

မက်ဂွာရီကို ကာကွယ်ပေးတဲ့ ဆောက်ဂိတ်ကို ဝေဖန်ပြစ်တင်လိုက်တဲ့ ရွိုင်ကိန်း

1:12 PM, 31 March

မန်ယူအသင်းခေါင်းဆောင် မက်ဂွာရီကတော့ အိုင်ဗရီကို့စ်နဲ့ ၃-၀ နဲ့အနိုင်ရတဲ့ပွဲမှာလည်း အလှောင်ပြောင်ခံလိုက်ရတာ ဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် နည်းပြကြီး ဆောက်ဂိတ်ဟာဆိုရင် ပရိသတ်တွေ မက်ဂွာရီကိုဆက်ဆံတဲ့ပုံကို အလွန်ရယ်စရာကောင်းတယ်လို့ ပြောပြီး ဒေါသထွက်နေတာဖြစ်ပါတယ်။ ကိန်းကတော့ အင်္ဂလန်နည်းပြဟာ မရင့်ကျက်သေးဘူးလို့ ခံစားနေရပါတယ်။

“ကစားသမားတိုင်း အလှောင်ခံရတာပဲဗျ။ ဘောလုံးပွဲတွေမှာ သောက်ရူးတွေရှိနေမှာပဲ။ အင်္ဂလန်မှာကလည်း သောက်ရူးတွေချည်းပဲ။ ဂျရက်ကတောင် ဒီညကို ဘာမှမဟုတ်ပါဘူးလို့ ပြောသွားတယ်။ တကယ်လည်း သူအကောင်းဆုံး ကစားသွားတယ်။ အဲဒါကိုပဲ အာရုံစိုက်ရမှာပဲ” လို့ သူကဆိုပါတယ်။

ဆောက်ဂိတ်ဟာ လိုတစ်မျိုး မလိုတစ်မျိုး စရိုက်ရှိတဲ့သူလို့လည်း သူကပြောသွားပါတယ်။ “မနှစ်က ဒိန်းမတ်နဲ့ပွဲတုန်းက ဟယ်ရီကွင်းထဲက ထွက်သွားတုန်းက သူ ဘာမှ အားပေးခဲ့တာမဟုတ်ဘူးဗျ။ ဒါပေမဲ့ နောက်ဆုံးကျတော့လည်း ဟယ်ရီဟာ သူ့ဘာသာသူ သူ့ကိုသဘောကျတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်ရတာပဲဗျ။ လျှောက်ပြီး လှောင်ပြောင်တတ်တဲ့သူ အနည်းငယ်လောက်ကို ဂရုစိုက်စရာ မလိုဘူးဗျ။ ယောကျာ်းပီပီသသနဲ့ ရင့်ကျက်ဖို့လိုတယ်ဗျ” လို့ ရွိုင်းကိန်း က ထပ်မံ ပြောသွားခဲ့ပါတယ်။

မက်ဂွာရီကို ထောက်ခံအားပေးနေတာ အင်္ဂလန်အသင်းမှာ ဆောက်ဂိတ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

#ဆောက်ဂိတ် #အင်္ဂလန် #မက်ဂွါရီ #ရွိုင်ကိန်း