ရှေ့သို့
Image

အဲရစ်တန်ဟတ်က ယူနိုက်တက်မှာ အောင်မြင်မယ့်နည်းပြပါလို့ ဒါကောက် ထောက်ခံ

4:33 PM, 30 March

နယ်သာလန်နဲ့လီဗာပူးကြယ်ပွင့်ဟောင်း ဒါကောက်က မန်ချက်စတာယူနိုက်တက်သာ အေဂျက်နည်းပြ အဲရစ်တန်ဟတ်ကို ခေါ်ယူနိုင်ခဲ့ရင် နည်းပြကောင်းတစ်ယောက်ကို ပိုင်ဆိုင်သွားမှာဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။ နယ်သာလန်သား တန်ဟတ်ဟာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့အတူ ဒီနွေရာသီမှာ ယာယီနည်းပြရာ့ဖ်ရန်နစ်ရဲ့ နေရာကိုဆက်ခံဖို့ နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီလအစောပိုင်းက ပိုချက်တီနို၊ လူးဝစ်အင်းနရစ်နဲ့ ဂျုလန်လိုပက်တီဂူတို့ကိုလည်း အင်တာဗျူးခဲ့ပါသေးတယ်။ တန်ဟတ်ကို လိုချင်နေတဲ့အသင်းတွေထဲမှာ ချန်ပီယံလိဂ်ပုံမှန်ကန်ရတဲ့ အခြားဥရောပအသင်း ၂ သင်းလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ တစ်သင်းကတော့ တန်ဟတ်ကိုတောင် ကမ်းလှမ်းပြီးသွားပြီလို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ဒါကောက်ကတော့ “တန်ဟတ်က တကယ်တော်တာပါ၊ အတွေ့အကြုံရင့်တဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ သူလုပ်ပြခဲ့တာတွေကိုလည်း ကြည့်လိုက်ပါ ဘိုင်ယန်မြူးနစ် ဒုတိယအသင်း၊ ပြီးတော့ Ultrecht အခု အေဂျက်စ်။ သူ့ကိုယ်သူထိပ်တန်းနည်းပြတစ်ယောက် ဖြစ်လာအောင် တိုးတက်လာအောင် ကြိုးစားခဲ့ပါတယ်။ သူ့အဆင့်ရောက်နေတဲ့ တစ်ချို့နည်းပြတွေထဲမှာ အင်္ဂလိပ်စကားပြောတာ၊ ကင်မရာရှေ့မှာ မနေတတ်တာမျိုးတွေ ရှိကြပါတယ်။ ဒါပေမယ့် သူကနည်းပြတစ်ယောက်အနေနဲ့ အများကြီး တိုးတက်လာတာပါ။ ဥရောပအသင်းကြီးတွေမှာလည်း သူအကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့နည်းစနစ်တွေ၊ ဘောလုံးအတွေးအခေါ်တွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထိပ်တန်းအသင်းတစ်သင်းရဲ့ နည်းပြဖြစ်လာမယ်ဆိုရင်တော့ အရမ်းကိုကောင်းတဲ့ အခွင့်အရေးပါပဲ ” လို့ ပြောခဲ့ပါတယ်။

အေဂျက်စ်ဟာ တန်ဟတ်လက်ထက် ပြည်တွင်းအောင်မြင်မှု အများအပြား ရရှိထားပြီး ၂၀၁၉ တုန်းကဆိုရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ပေါ်လစီအရ အကောင်းဆုံးကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ဥရောပအသင်းကြီးတွေကို ရောင်းထုတ်လေ့ရှိပေမယ့်လည်း တန်ဟတ်ဟာ အသင်းကို အခက်အခဲမရှိပဲ မျိုးဆက်သစ်ကစားသမားအများအပြားကို ဆက်လက် မွေးထုတ်ပေးလျက်ရှိပါတယ်။

ဖရန်ကီဒီဂျောင်၊ မာတစ်ဒီလစ်၊ ဟာကင်ဇီယက်ချ်နဲ့ ဒွန်နီဗန်ဒီဘိခ်တို့ဟာ တန်ဟတ်ရဲ့ ၂၀၁၉ လူစာရင်းက အဓိက ကစားသမားတွေဖြစ်ကြပြီး အားလုံးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းထုတ်နိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အေဂျက်စ် #အဲရစ်တန်ဟက်ချ်