ရှေ့သို့
Image

Paris Fashion Week မှာ LV ဝတ်စုံနဲ့ တောက်ပနေတဲ့ မက်ဆီရဲ့ ဇနီး အန်တိုနယ်လာ

2:08 PM, 30 March

ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ဇနီး အန်တိုနယ်လာရိုကူဇိုကတော့ Louis Vuitton ဝတ်စုံ မီနီစကတ်တို့နဲ့ Paris Fashion Week မှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ၃၄ နှစ်အရွယ် အန်တိုနယ်လာဟာ ပြင်သစ်မြို့တော်ရဲ့ ဖက်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပြီးနောက်မှာ ပွဲနေ့တုန်းက ပုံတွေကို သူမရဲ့ဆိုရှယ်မီဒီယာမှ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပုံတွေနဲ့အတူ “ကျေးဇူးအထူးတင်ပါတယ်၊ @louisvuitton ။ ဒီလိုရှိုးမျိုးကို တက်ခွင့်ရခဲ့လို့ ဝမ်းသာပါတယ်” ဆိုတဲ့ ကပ်ရှင်နဲ့တင်ထားခဲ့ပါတယ်။ အန်တိုနယ်လာရဲ့ ပုံတွေမှာ နာမည်ကြီးအတော်များများ မှတ်ချက်တွေ ဝင်ပေးထားကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီရဲ့အသင်းဖော်ဟောင်း လူးဝစ်ဆွာရက်ဇ်ရဲ့ဇနီး ဆိုဖီယာဘယ်လ်ဘီကလည်း “ ဘုရားရေ လှလိုက်တာ သူငယ်ချင်းရယ်”ဆိုပြီးမှတ်ချက်ပေးထားပါတယ်။ ပီအက်စ်ဂျီအသင်းဖော် လီအန်ဒရိုပါရီဒက်စ်ရဲ့ ချစ်သူကာမီလာဂလန်တီကလည်း “ချစ်ဖို့အကောင်းနဲ့ အလှဆုံးပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဆာဂျီယိုဘက်စ်ကွက်ရဲ့ ဇနီး အယ်လီနာဂါလီရာကလည်း “ခမ်းနားလိုက်တာ သူငယ်ချင်းရေ”ဆိုပြီး မှတ်ချက်တွေပေးခဲ့ကြပါတယ်။ အန်တိုနယ်လာဟာ မက်ဆီနဲ့ကလေးဘဝကတည်းက ဆုံတွေ့ခဲ့တာဖြစ်ပြီး ငယ်ချစ်ဦးတွေလည်း ဖြစ်ကြပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာ ၉ နှစ်အရွယ် သီယာဂို၊ ၆ နှစ်အရွယ် မတ်တီယိုနဲ့ ၄ နှစ်အရွယ် စီယိုဆိုတဲ့ သား ၃ ယောက်ကို ပိုင်ဆိုင်ထားပါတယ်”

ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာစီလိုနာနဲ့ မက်ဆီတို့ လမ်းခွဲခဲ့တာကြောင့် အခုဆိုရင် တစ်မိသားစုလုံး ပဲရစ်မြို့ကို ပြောင်းရွှေ့နေထိုင်လျက်ရှိကြပါတယ်။ ဒါပေမယ့် မက်ဆီကတော့ ပြင်သစ်မြို့တော်မှာ ခြေစွမ်းပြဖို့ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ပါသေးတယ်။ ပဲရစ်မှာအသားမကျဖြစ်နေတဲ့ မက်ဆီဟာ ဘာကာကိုပဲ ပြန်လည်ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

#ပီအက်စ်ဂျီ #မက်ဆီ #အန်တိုနယ်လာ