ရှေ့သို့
Image

ပီရူး ပလေးအော့ဖ်အဆင့် ရောက်ရှိသွားပြီး ချီလီနဲ့ ကိုလံဘီယာတို့ ပြုတ်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲပြီးသုံးသပ်ချက်

9:11 AM, 30 March

ပီရူး၊ ကိုလံဘီယာ၊ ချီလီတို့ ကမ္ဘာ့ဖလားအတွက် အသက်ဆက်ဖို့ အခွင့်အရေးရနေချိန် ယမန်နေ့ည ပွဲတွေအပြီးမှာတော့ ပီရူးက ရှိတဲ့အခွင့်အရေးကို အပြည့်အ၀ အသုံးချသွားခဲ့ပါတယ်။ ပီရူးအသင်းဟာ ယမန်နေ့ည ပါရာဂွေးကို ၂ဂိုးပြတ် နိုင်ခဲ့ပြီးနောက် အင်တာ-ကွန်ဖက်ဒရေးရှင်း ပလေးအော့ဖ်မှာ တောင်အမေရိကဇုန်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပီရူးတို့ ဇွန်လ ၁၃ရက် ဒါမှမဟုတ် ၁၄ ရက်နေ့မှာ ကစားမယ့် ပလေးအော့ဖ်ပွဲစဉ်မှာ အာရှကိုယ်စားပြုဖြစ်တဲ့ ဩစတြေးလျ ဒါမှမဟုတ် ယူအေးအီးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လာပါဒူလာနဲ့ ယိုတန်တို့ရဲ့ ဂိုးတွေက ပီရူးအသင်း ပါရာဂွေးကို ကျော်ဖြတ်ကာ ပလေးအော့ဖ်အဆင့်ကို တက်ရောက်နိုင်ဖို့ လုံလောက်စေခဲ့ပါတယ်။

တစ်ဖက်မှာ ကိုလံဘီယာက ဗင်နီဇွဲလားကို နိုင်ခဲ့ပေမဲ့ ပီရူးက နိုင်ပွဲရခဲ့တာကြောင့် ယခုနှစ် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်ကလည်း ပီရူးတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ အင်တာ-ကွန်ဖက်ဒရေးရှင်း ပလေးအော့ဖ် ကစားခဲ့ရပြီး နယူးဇီလန်ကို ၂ကျော့ပေါင်းရလဒ် ၂-၀ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

#ပီရူး #ကိုလံဘီယာ #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ချီလီ