ရှေ့သို့
Image

မော်ရိုကို၊ ကင်မရွန်း၊ တူနီးရှား၊ ဂါနာနဲ့ ဆီနီဂေါတို့ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာဖရိကဇုန်) ပွဲပြီးသုံးသပ်ချက်

8:29 AM, 30 March

ယမန်နေ့ညက ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ အပြီးမှာတော့ ဆီနီဂေါ အသင်းဟာ ဂါနာ၊ မော်ရိုကို၊ တူနီးရှား၊ ကင်မရွန်းတို့နဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပါတယ်။

အယ်လ်ဂျီးနီးရီးယားနဲ့ ရင်ဆိုင်ခဲ့တဲ့ ကင်မရွန်းအသင်းဟာ အီကမ်ဘီရဲ့ နောက်ကျဂိုးနဲ့အတူ အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဆီနီဂေါအသင်းကတော့ အီဂျစ်ကို အာဖရိကဖလား ဗိုလ်လုပွဲတုန်းကအတိုင်း ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ဂါနာကလည်း နိုင်ဂျီရီးယားကို အဝေးကွင်းမှာ ၁ဂိုးစီ သရေကန်ခဲ့ပြီးနောက် အဝေးဂိုးနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ မော်ရိုကိုကလည်း အူနာဟီ၊ ဟာကီမီ၊ တစ်ဆူဒါဘီတို့ရဲ့ ဂိုးတွေနဲ့အတူ DRကွန်ဂိုကို ၄-၁ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူပြကာ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့ပါတယ်။

ကင်မရွန်းအသင်းဟာ အယ်လ်ဂျီးရီးယားကို အချိန်ပိုကျမှ အနိုင်ယူကာ ခြေစစ်ပွဲ ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့ပါတယ်။ တူနီးရှားဟာ မာလီကို အိမ်ကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပေမဲ့ ၂ကျော့ပေါင်းရလဒ် ၁-၀ဂိုးနဲ့ ခြေစစ်ပွဲ အောင်သွားခဲ့ပါတယ်။ ကမ္ဘာ့ဖလား အုပ်စုအဆင့် မဲခွဲမှုတွေကိုတော့ သောကြာနေ့မှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဆီနီဂေါ #အယ်လ်ဂျီးရီးယား #ကင်မရွန်း #တူနီးရှား