ရှေ့သို့
Image

ရာသီကုန်မှာ ယူနိုက်တက်မှ ထွက်ခွာတော့မယ့် နာမည်ကြီးကစားသုံးယောက်

4:46 PM, 29 March

ယူနိုက်တက်အသင်းရဲ့ ကာဗာနီ၊ မာတာ နဲ့ လင်ဂတ်တို့သုံးယောက်ဟာ ရာသီကုန်တာနဲ့ ယူနိုက်တက်ကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

ဒီနွေရာသီမှာ စာချုပ်ကုန်တော့မယ့် ဒီကစားသမားသုံးယောက်လုံး ထွက်သွားလို့ အသင်းအတွက် ဘာမှတော့ ပြောင်းလဲမှုမရှိသွားဘူးလို့ သတင်းထောက် ရိုမာနိုက ဆိုပါတယ်။ ကာဗာနီဟာ ဒဏ်ရာရနေပြီး မာတာနဲ့လင်းဂတ်ကတော့ အရန်အဖြစ်သာရှိနေခဲ့တာမလို့ ဒီသုံးယောက်ဟာ ဒီရာသီမှာ သိပ်ပြီး ပါဝင်ခဲ့တာတော့ မဟုတ်ပါဘူး။

ယူနိုက်တက်မှာ ပြောင်းလဲမှုပေါင်းများစွာရှိနေခဲ့တာဖြစ်ပြီး ဒီသုံးယောက်ရဲ့ ထွက်ခွာမှုဟာ သေချာသလောက်ရှိနေပါပြီ။ ကာဗာနီဟာ ၂၀၂၀ နွေရာသီမှာ ပီအက်စ်ဂျီအသင်းမှထွက်ခွာလာပြီး ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

သူဟာ ပထမရာသီတုန်းကတော့ ၃၆ ပွဲမှာ ၁၇ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး အဆင်ပြေနေခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဥရုဂွေးနဲ့ ၁၇ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားခဲ့ပြီး သရဲနီတွေနဲ့ကလည်း ဒဏ်ရာတွေချည်းရနေခဲ့တာဖြစ်ပါတယ်။

မာတာကတော့ ၂၀၁၄ ခုနှစ်တုန်းက ချဲလ်ဆီးအသင်းကနေ ယူနိုက်တက်အသင်းကို သန်း ၄၀ နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။  မာတာ ခြေစွမ်းကောင်းကောင်း မပြနိုင်ခဲ့တာမလို့ ဒါဟာ ယူနိုက်တက်အတွက်တော့ ကြီးမားတဲ့ ဆုံရှုံးမှုဖြစ်ပါတယ်။

မာတာဟာ ချဲလ်ဆီးအသင်းမှာတုန်း ၁၇၄ ပွဲမှာ ၅၂ ဂိုးဖန်တီး ၄၆ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာတော့ အဲလိုခြေစွမ်းမျိုး တစ်ခါမှဖြစ်မလာခဲ့ပါဘူး။ မာတာဟာ သရဲနီတွေအတွက် ၂၇၈ ပွဲမှာမှ ၅၁ ဂိုးသွင်းပြီး ၄၇ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

လူငယ်ကစားသမားကျောင်းထွက် လင်းဂတ်အတွက်တော့ ခရစ်စတယ်ပဲလေ့ကို ၂၀၁၆ အက်ဖ်အေဖလားတုန်းက အနိုင်ရခဲ့တာကသာ သူ့အတွက် ယူနိုက်တက်ရဲ့ အကောင်းဆုံးအမှတ်တရဖြစ်ခဲ့ပါတယ်။ သူ့ကို ဝက်စ်ဟမ်းအသင်းမှာ အငှားချလိုက်တဲ့အခါ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၉ ဂိုးသွင်း ၅ ဂိုးဖန်တီးလာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ကိုပြန်လည်ခေါ်ယူလိုက်ချိန်မှာတော့ ခြေစွမ်းပြန်လည်မပြနိုင်တော့ပြန်ပါဘူး။ ဒီကစားသမားသုံးယောက်ဟာ ယူနိုက်တက်ကနေ ထွက်ခွာကြတော့မှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာဗာနီ #မာတာ