ရှေ့သို့
Image

အာဆင်နယ်မှာလည်း ဒီလိုပဲဟု အိုဇေးလ်အား မွန်ရီရယ် ဝေဖန်

2:27 PM, 29 March

ဂျာမန်ကစားသမားဟာ အာဆင်နယ်မှာ ဘာမှမကစားဘဲ တစ်ပတ်ကို ပေါင်သုံးသိန်းငါးသောင်းယူနေခဲ့တာကြောင့် ပရိသတ်တွေဆီက ဝေဖန်မှုတွေ ရရှိထားခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်နဲ့အတူ ရာသီ ၇ ခုနှစ်ခုဆက်တိုက် ကစားခဲ့တဲ့ မွန်ရီရယ်ကတော့ အိုဇေးလ်ဟာ အရှုပ်ထုပ်ြဖစ်ကြောင်း ပြောကြားလာပါတယ်။

“အိုဇေးက လူတိုင်းနဲ့အမြဲပြဿနာ တက်နေတာဗျ။ အာစင်ဝင်းဂါးနဲ့ ပြဿနာတက်ပြီး နောက်ဆုံးပွဲတွေဆို သူမကစားတော့ဘူးဗျ။ အဲဒါကို အမ်မရီက သူ့ကို ပြန်ပြီး စိတ်ပါအောင်လုပ်ပြီး ကျုပ်တို့ရဲ့ခေါင်းဆောင် လုပ်ခိုင်းတာဗျ။ စစချင်းမှာ သူက အိုဇေးလ်ကို ယုံကြည်မှုတွေပေးတော့ သူတော်တော်ကို ကစားတယ်ဗျ။ ဒါပေမဲ့ နည်းပြကြီးက သူ့ထက်ကောင်းတဲ့ကစားသမားတွေ ရှိတာ နားလည်တယ်ဗျ။ အိုဇေးလ်က အကောင်းဆုံးကစားသမားဗျ။ ငွေလည်းများများပေးခံရတယ်။ ဒါပေမဲ့ သူက အဲလောက်အဆင့်မရှိတာ သူတို့တွေ့ပါတယ်” လို့ မွန်ရီရယ်က ပြောခဲ့ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်နဲ့ ခုနှစ်နှစ်ခွဲ ကစားခဲ့တဲ့အတွင်းမှာ ၇၇ ဂိုးဖန်တီးပြီး ၄၄ ဂိုး သွင်းပေးခဲ့ပါတယ်။ သူဟာ ၂၀၂၁ ဇန်နဝါရီလတုန်းက တူရကီအသင်း ဖီနာဘာချီမှာ ပါဝင်ခဲ့ပေပြီး အဲဒီမှာလည်း အဆင်မပြေတာ ဖြစ်ပါတယ်။

ဖီနာဘာချီအသင်းအနေနဲ့ အိုဇေးလ်ကို ဆက်လက်ပြီးကစားခွင့်မပြုတော့ကြောင်းကို တွစ်တာမှာ တင်ထားတာကတော့ “အိုဇေးလ်နဲ့တူဖန်ကို အသင်းကနေ ဆုံးဖြတ်ချပြီး ကစားခွင့် နားထားလိုက်ပါပြီ။ သေချာပြန်လည်ဖော်ပြပါ့မယ်ဆိုပြီးတော့ပဲ ဖြစ်ပါတယ်။

#အာဆင်နယ် #ဖီနာဘာချီ #အိုဇေးလ်