ရှေ့သို့
Image

ပီအက်စ်ဗွီကြယ်ပွင့် ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ အာဆင်နယ် ထိပ်ဆုံးက ဦးဆောင်နေ

11:32 AM, 29 March

ပီအက်စ်ဗွီအသင်းကြယ်ပွင့် တောင်ပံကစားသမား ဂတ်ပိုကို ၄၂ သန်းနဲ့ ရနိုင်ခြေအရှိဆုံးဖြစ်နေတာကတော့ အာဆင်နယ်အသင်းပဲဖြစ်ပါတယ်။ ဒီ ၂၂ အရွယ်ကစားသမားဟာ ဒီရာသီရဲ့ပွဲပေါင်း ၃၇ ပွဲမှာ ၁၆ ဂိုးသွင်း ၁၅ ဂိုးဖန်တီးပေးခဲ့တာဖြစ်ပြီး ၂၀၁၇-၁၈ တည်းကစပြီး ဘာဖလားမှ မရသေးတဲ့ သူတို့အသင်းကို ဖလားရနိုင်ခြေရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။

သင့်လျော်တဲ့နှုန်းထားရရင်ထုတ်ရောင်းနိုင်ခြေရှိတဲ့ ပီအက်စ်ဗွီကြောင့် ဒီလိုစွမ်းဆောင်မှုတွေရထားတဲ့ ဒီကစားသမားကို အာဆင်နယ်၊ လီဗာပူးရော ဘိုင်ယန်မြူးနစ်ကပါ စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ Voetball International ရဲ့တင်ပြချက်အရတော့ အာဆင်နယ်တွေဟာ ဒီကစားသမားကို ရနိုင်ခြေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အာတီတာဟာ အူဘာမီယန်းကိုထုတ်ပြီးနောက် နယ်သာလန်လက်ရွေးစင်ကစားသမားကို အစားထိုးလိုက်တာဖြစ်ပြီး သူတို့ဟာ သူတို့ရဲ့တိုက်စစ်ပိုင်းကို အားဖြည့်ဖို့လိုနေခဲ့ပါသေးတယ်။ ဒါပေမဲ့လို့ ၂၀၂၆ မှ စာချုပ်ပြန်ပြင်လို့ရမယ့်ဒီကစားသမားကြောင့် နည်းနည်းတော့ အခက်တွေ့နေပါတယ်။

စာချုပ်အသစ်က ၂၀၂၆ မှချုပ်ရမှာဆိုပေမဲ့လို့ ဥရောပတစ်လွှားက အသင်းတွေ စိတ်ဝင်စားနေတဲ့ ဒီကစားသမားကို ထိန်းထားနိုင်ဖို့ဆိုတာလည်း ပီအက်စ်ဗွီအသင်းအတွက် မလွယ်ကူလှပါဘူး။ ဒီရာသီရဲ့အစမှာပဲ နည်းပညာဒါရိုက်တာဂျွန်ဒီဂျောင်ဟာ သူတို့ကို ဂတ်ပို ထားခဲ့နိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။

“ဂတ်ပိုက ပီအက်စ်ဗွီမှာပဲ တစ်သက်လုံးနေမှာ မဟုတ်ဘူးဗျ။ သူ အနာဂတ်မှာဖြစ်ဖြစ် လာမယ့်နွေရာသီမှာဖြစ်ဖြစ် အသင်းကြီးတစ်သင်းကို သွားပါလိမ့်မယ်” လို့ ဒီဂျောင်က ပြောပါတယ်။ အာဆင်နယ်ကတော့ သူတို့တိုက်စစ်အားကို မြင့်တင်ဖို့အတွက် ချန်ပီယံလိဂ်သာ ဝင်ခဲ့ရင်တော့ ဂတ်ပိုကို ဝယ်နိုင်ခြေပိုများနိုင်ပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #ပီအက်စ်ဗွီ #ဂတ်ပို