ရှေ့သို့
Image

ကမ္ဘာ့ဖလားနဲ့ လွဲခဲ့တဲ့ အီတလီ အသင်းဖော်တွေကို မစော်ကားဖို့ ပရိသတ်တွေအား ဗာရက်တီ တိုက်တွန်း

10:37 AM, 28 March

အီတလီကွင်းလယ်လူ မာကိုဗာရက်တီက ကမ္ဘာ့ဖလားကနေ အံ့အားသင့်ဖွယ် ထွက်ခဲ့ရပြီးနောက် ပရိသတ်တွေ အနေနဲ့ အသင်းဖော်တွေကို မစော်ကားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ယူရိုချန်ပီယံအီတလီအသင်းဟာ မြောက်မက်ဆီဒိုးနီးယားအသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ၂၀၂၂ ကာတာကမ္ဘာ့နဲ့ လွဲချော်ခဲ့ပါတယ်။

ဗာရက်တီ နဲ့ အီတလီအသင်းဖော်တွေဟာ အဆိုပါထွက်ခွာမှုကြောင့် ဝေဖန်ခံနေရပေမယ့် ပီအက်စ်ဂျီ ကွင်းလယ်လူက နိုင်ငံအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဗာရက်တီက ပရိသတ်တွေအနေနဲ့ နိုင်ငံအသင်းဖော်လူငယ်ကစားသမားလေးတွေကို မစော်ကားဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“မင်းအနိုင်ရရှိတဲ့အချိန်ဆို လူတိုင်းက ကျေးဇူးတင်နေကြမှာပါ။ ကျွန်တော်ဒီနေ့ လုပ်ချင်တဲ့အရာရှိပါတယ်။ ဒါပေမယ့် အီတလီပရိသတ်တွေက အထက်မှာရှိပါတယ်။ ကျွန်တော်လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အီတလီအသင်းအတွက် အားကြိုးမာန်တက် စွမ်းဆောင်ပေးခဲ့တဲ့ အသင်းဝန်ထမ်း ၊ ကစားသမားတွေကိုပါ။ ကံမကောင်းစွာနဲ့ ဘဝမှာ ပြီးတော့ ဘောလုံးမှာ ထင်ထားသလို မဖြစ်တတ်ပါဘူး။ စိတ်ပျက်မှုတွေရှိခဲ့ပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပါသေးတယ်။ ဘောလုံးကိုချစ်တဲ့စိတ် ကျွန်တော်တို့မှာ ရှိဆဲပါ။ သေချာပြောရဲတာက ကျွန်တော်တို့ ဆက်လက်အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ဗာရက်တီက ပြောကြားခဲ့ပါတယ်။

အီတလီအသင်းဟာ မြောက်မက်ဆီဒိုးနီးယားအသင်းကို အလက်ဇန်းဒါးတာကိုဗက်စ်ကီးက ပွဲကစားချိန် ၉၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်မှာ ပေါ်တူဂီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#အီတလီ #ဗာရက်တီ #၂၀၂၂ကမ္ဘာ့ဖလား