ရှေ့သို့
Image

ရိုးမားမှာ အခြေမကျ ဖြစ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ့် မစ်လန်းနိုင်းစ်

10:28 AM, 28 March

အင်စလေ မစ်လန်းနိုင်းစ်ဟာ နွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လာဖွယ် ရှိနေကြောင်း သိရပါတယ်။ ၂၄နှစ်သားဟာ စီးရီးအေကလပ် ရိုးမားမှာ အငှားနဲ့ သွားကစားနေပေမဲ့ စာချုပ်သက်တမ်းကုန်ရင် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ရှိနေပါတယ်။

အာဆင်နယ်ကလည်း စာချုပ်သက်တမ်း၁နှစ်သာကျန်တဲ့ ကစားသမားကို ရောင်းချဖွယ် ရှိနေတာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေအတွက် အချက်ပေးသံ ဖြစ်စေခဲ့ပါတယ်။ မစ်လန်းနိုင်းစ်ဟာ နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး အခြေအနေအမျိုးမျိုးနဲ့ ကြုံတွေ့နေရပါတယ်။

အင်္ဂလန်သားဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၉ပွဲ ပါဝင်ကစားထားပေမဲ့ နွေရာသီ စာချုပ်ကုန်ရင် ရိုးမားက အပြီးသတ်ခေါ်ယူဖွယ် မရှိကြောင်း Mirrorက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကလည်း နွေရာသီ အသင်းကို ပြုပြင်ပြောင်းလဲမှုမှာ နိုင်းစ်ကို အသင်းက ပေးထွက်ဖွယ် ရှိနေပါတယ်။

အဲဗာတန်အသင်းဟာ ယခင်က နိုင်းစ်ကို စိတ်ဝင်စားခဲ့ကာ ပေါင် ၁၀သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပေမဲ့ ယခုအချိန်မှာတော့ အာဆင်နယ်က အဆိုပါ ပမာဏကို လက်ခံဖွယ် ရှိနေပါတယ်။ မစ်လန်းနိုင်းစ်ဟာ ၂၀၂၀ခုနှစ်က အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ဆွတ်ခူးခဲ့ပြီးနောက် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ အာဆင်နယ်မှာ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ကစားခဲ့ရကာ ဝက်စ်ဘရွန်းကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။

ယခုအချိန်မှာတော့ နိုင်းစ်တစ်ယောက် အသက်၆နှစ်ကတည်းက ကစားခဲ့တဲ့ အာဆင်နယ်ကနေ အပြီးသတ် ထွက်ခွာဖို့ နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။

#စီးရီးအေ #အပြောင်းအရွှေ့ #မစ်လန်းနိုင်းစ်