ရှေ့သို့
Image

ကမ္ဘာ့ဖလားဝင်ခွင့်မရတဲ့ အီတလီကို မညှာမတာနောက်ပြောင်ခဲ့တဲ့ ဆွစ်ပရိသတ်များ

1:32 PM, 27 March

စနေညပိုင်းမှာကစားခဲ့တဲ့ အင်္ဂလန်နှင့် ဆွစ်ဇာလန်တို့၏ ခြေစမ်းပွဲစဥ်တွင် ဆွစ်ဇာလန်ပရိတ်သတ်များက ဂူးဂဲလ်ပုံစံရုပ်ပုံကားချပ်တစ်ခုပေါ် စာသားများရေးသားကာ ကမ္ဘာ့ဖလားဝင်ခွင့်မရသည့် အီတလီအသင်းအား မညှာမတာနောက်ပြောင်ကျီစယ်ခဲ့သည်။

ဝင်ဘလေကွင်းသို့ရောက်ရှိလာတဲ့ ဆွစ်ဇာလန်အသင်းသည်  လာမည့်ဆောင်းရာသီတွင် ကျင်းပမည့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိပြီး ဖြစ်သည်။

နည်းပြ မူးရက်ယာကင်၏ အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) အုပ်စု C တွင် နည်းပြမန်စီနီ၏ အီတလီအသင်းနှင့်အတူ ကျရောက်ခဲ့ပြီး အီတလီအသင်းကို ခြေစစ်ပွဲရှုံးထွက်အဆင့်ကစားစေရန် နောက်ကောက်ချခဲ့သည်။

အီတလီအသင်းသည် ခြေစစ်ပွဲရှုံးထွက်အဆင့်တွင် မြောက်မက်ဆီဒိုးနီးယားအသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားဝင်ခွင့်ကို နှစ်ကြိမ်ဆက် လက်လွှတ်ခဲ့ရသည်။

ဆွစ်ပရိတ်သတ်များသည် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံလက်ရွေးစင်အသင်းရဲ့ ကံဆိုးမှုအပေါ် ပျော်ရွှင်ကြည်နူးနေမှုကို ဝင်ဘလေကွင်းတွင်းတွင် မြင်တွေ့ခဲ့ရသည်။

ဂူးဂဲလ်ရှာဖွေမှုပုံစံ(Google Search) ရုပ်ပုံကားချပ်တစ်ခုမှာတော့ "အီတလီ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား" ဟုရေးသားထားပြီး " ဆွစ်ဇာလန်လို့ ဆိုလိုတာလား"ဟု ဂူးဂဲလ်က ပြန်လည်မေးသားထားသည့်ပုံစံ စာသားများထည့်သွင်းကာ မညှာမတာ လှောင်ပြောင်ခဲ့ကြသည်။

ပွဲစဥ်အတွင်း ရုပ်ပုံကားချပ်ကိုင်ထားသော ဆွစ်ပရိတ်သတ်ကို အများက သတိထားမိကြပြီး ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ပွဲအပြီးတွင် ရုပ်ပုံကားချပ်သည် ဝင်ဘလေကွင်းတွင်း ကျန်ရစ်ခဲ့ပြီး အင်္ဂလန်ပရိတ်သတ်များအနေဖြင့်လည်း စိတ်ပျက်ခြင်းအလျဥ်းမရှိခဲ့ပေ။ 

ယာကင်၏ အသင်းသားများသည် အီတလီအသင်းနှင့် အိမ်ကွင်း အဝေးကွင်း နှစ်ကျော့လုံးသရေကစားခဲ့ပြီး အခြားပွဲစဥ်များတွင် ရမှတ်များစုဆောင်းကာ ၂ မှတ်အသာဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။

#အီတလီ #၂၀၂၂ကမ္ဘာ့ဖလား #ဆွစ်ဇာလန်