ရှေ့သို့
Image

ယူကရိန်း စစ်ဘေး‌ရှောင်တွေကို ပဲရစ်ကအိမ်မှာ ခေါ်ထားမယ့် ပီအက်စ်ဂျီဂိုးသမားနာဗက်စ်ရဲ့ လေးစားဖွယ်လုပ်ရပ်

12:01 PM, 27 March

ပီအက်စ်ဂျီ ဂိုးသမား ကေလာနာဗက်စ်ဟာ သူ့ရဲ့ နေအိမ်မှာ ယူကရိန်းစစ်ဘေးရှောင် တွေကို ခေါ်ယူထားဖို့ စီစဉ်နေပါတယ်။ နာဗက်စ်နဲ့ သူရဲ့ အမျိုးသမီး အန်ဒရီရာဟာ သူတို့ရဲ့ စံအိမ်ကြီးမှာ ရုရှား ယူကရိန်းအရေးကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို သူတို့ရဲ့ အိမ်မှာ ခေါ်ယူကူညီမှုတွေ ပြုလုပ်နေပါတယ်။ 

Sport သတင်းဌာနမှာ နာ့ဗတ်တို့ဟာ သူတို့ရဲ့ အိမ်မှာ ရုပ်ရှင်ကြည့်တဲ့ အခန်းကို ခုတင် ၃၀ နဲ့ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။ နာဗက်စ်ရဲ့ အမျိုးသမီးဟာသူတို့အိမ်ကို ခေါ်ယူ ခိုလှုံခွင့်ပေးကာ ယူကရိန်းပြည်သူတွေအတွက် အစားအသောက်နဲ့ အဝတ်အစားတွေ ပြည့်စုံအောင်လဲ ပံ့ပိုးပေးထားပါတယ်။ 

သတင်းစာမှာဖော်ပြချက်အရ ဘာစီလိုနာမှာရှိတဲ့ 

ဂျစ်ပစီများအဖွဲ့အစည်းဟာ ယူကရိန်း ကာကော့မြို့ကိုသွားပြီး အစားအစာပံ့ပိုးမှုတွေနဲ့ ယူကရိန်းစစ်ဘေးရှောင်တွေကို ခေါ်လာခဲ့ပါတယ်။ 

ဒါကို နာ့ဗတ်က သိရှိပြီးသူ့အိမ်မှာ စစ်ဘေးရှောင် အယောက် ၃၀ ကို လက်ခံထားရှိခဲ့တာပါ။ နာဗက်စ်ရဲ့ ကြင်နာမှုအပြင် သူ့ရဲ့ ဇနီးသည်ကလဲ "သူတို့အနေနဲ့ အခုလို့ နာကျင်စရာအများကြီးကြားထဲက သူတို့အနေနဲ့ ချစ်ခြင်းမေတ္တာကို ခံစားရစေချင်ပါတယ်။ " လို့ ပြောထားခဲ့ပါတယ်။ 

အန်ဒရီယာက အင်စတာဂရမ်မှာ 

"ကျွန်မတို့ ကလေးတွေကို ကူညီချင်တယ်။ တချို့က အမေရှိတယ် ၊ တချို့ကတော့ မရှိကြဘူး။ တချို့လူငယ်လေးတွေက တစ်ယောက်ထဲ  အဝတ်တထည် ကိုယ်တခုနဲ့ သူတို့တတ်နိုင်တာက ‌သူတို့ကို ပေးတာလေးတွေကို ယူရုံပဲ တတ်နိုင်တယ်။ ကျွန်မတို့ သူတို့ကို အစားအစာ ၊ အဝတ်အစား တကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်း စတာတွေကို ပံ့ပိုးပေးထားပါတယ်။ "

"ကျွန်မဒါလေးကို မျှဝေချင်ပါတယ်။ ဒါမှ သူတို့ဟာ နာကျင်စရာတွေရဲ့ အလယ်မှာ ချစ်ခြင်းမေတ္တာကို ခံစားရနိုင်မှာပါ။ "

လို့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ 

သူမဟာ အီဖယ်မျှော်စင်မှာ ယူကရိန်းအလံအတိုင်း မီးထွန်းထားတဲ့ ပုံကိုလဲ တင်ပြီး ယခုစစ်ပွဲမှာ ယူကရိန်းဘက်မှာရပ်တည်ကြောင်း ဖော်ပြခဲ့ပါသေးတယ်။

နာဗက်စ်ဟာ ကော်စတာရီကာအသင်းနဲ့ အတူ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ကစားရဖို့ ရှိနေပါတယ်။ ကော်စတာရီဂါအသင်းဟာ ဇယားမှာ အဆင့်ငါးရပ်တည်နေပြီး ကနေဒါ ၊ အယ်ဆယ်ဗာဒို ၊ အမေရိကန် အသင်းတို့နဲ့ ရင်ဆိုင်ကစားရဦးမှာပါ။ အဆင့်လေးရခဲ့ရင် ကော်စတာရီဂါအနေနဲ့ သမုဒ္ဒရာပိုင်းဇုန်က နိုင်ငံ အသင်းနဲ့ ရှုံးထွက် အဆင့် ကစားရမှာ ဖြစ်ပါတယ်။ ဒါအပြင် ယခု ကမ္ဘာ့ဖလားဟာ နာ့ဗတ်အတွက် နောက်ဆုံးနိုင်ငံ အသင်းအတွက် ကစားပေးတာလဲ ဖြစ်မှာပါ။ 

"ဒါဟာ ကျွန်တော့်အတွက် နိုင်ငံအသင်းမှာကစားတာနောက်ဆုံးဖြစ်မယ့်အတွက် အကောင်းဆုံးပေးဆပ်ကစားသွားမှာပါ။ ကျွန်တော်နဲ့ ဘရိုင်ရန်ရု တို့ဟာ နိုင်ငံအသင်းအတွက် ကစားပေးထားတာလဲ ကြာနေပါပြီ ဘယ်ပွဲမဆို ကျွန်တော်တို့ရဲ့ နောက်ဆုံးပွဲ ဖြစ်နိုင်ပါတယ်။ "

လို့ နာဗက်စ်က ပြောခဲ့ပါတယ်။

#ပီအက်စ်ဂျီ #ယူကရိန်း #နာဗက်စ်