ရှေ့သို့
Image

ဂွာဒီယိုလာရဲ့ လက်အောက်မှာ ဟာလန်းအဆင်ပြေလိမ့်မယ်လို့ ဂမ်ဒိုဂန် ယုံကြည်

10:21 PM, 26 March

ဂမ်ဒိုဂန်ကတော့ ဟားလန်းဟာ မန်းစီးတီးမှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေပေမဲ့ တိုက်စစ်မှူးသိပ်မသုံးတဲ့ မန်းစီးတီးကို သတိတော့ပေးလိုက်ပါတယ်။

ဒေါ့မွန်ကနေ ဟာလန်းကိုဝယ်ယူဖို့ မန်းစီးတီးက အဓိကနာမည်ကြီးနေတာဖြစ်ပေမဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာကလည်း ယှဉ်ပြိုင်နေတာပါ။ မန်စီးတီးအနေနဲ့ ဒီကစားသမားလိုတိုက်စစ်မှူးမျိုး သိပ်သုံးလေ့မရှိပေမဲ့  ၂၁ နှစ်အရွယ်ဒီကစားသမားဟာ နည်းပြဂွာဒီယိုလာနဲ့အဆင်ပြေလိမ့်မယ်လို့ ဂမ်ဒိုဂန်က ယုံကြည်နေတာပါ။

“ဟာလန်းဟာ ထိပ်တန်းအသင်းတိုင်းနဲ့သင့်လျော်တဲ့အရည်အသွေးရှိပါတယ်”လို့ ဂမ်ဒိုနန်က ဆိုပါတယ်။
မန်စီးတီးအနေနဲ့ အလယ်တန်းတိုက်စစ်မှူးတစ်ယောက်သုံးသင့်ကြောင့်ကိုလည်း “ကျွန်တော်တို့တွေ တိုက်စစ်ကစားသမားနဲ့ မကစားရတာ တော်တော်ကြာပါပြီ” လို့ ဒီဂျာမနီလက်ရွေးစင်က ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။

မန်းစီးတီးဟာ ရှေ့တန်းတိုက်စစ်သုံးယောက်နဲ့ဆော့ရတဲ့ပုံစံကို သဘောကျပြီး ထိုတိုက်စစ်သုံးယောက်ရဲ့အလယ်မှာ ဂွာဒီယိုလာကတော့ ကွင်းလယ်ကစားသမားတစ်ယောက်ထည့်သွင်း ကစားလေ့ရှိတာပါ။ လတ်တလောမှာတော့ ဖိုဒန်ဟာ ဒီနေရာကိုနေရာယူထားတာဆိုပေမဲ့ ဂရီးရယ်လစ်ရှ်နဲ့ ဆေးဗားတို့လည်း ဒီနေရာကို ယူနိုင်မယ်လို့ ယုံကြည်ရပါတယ်။

ဟားလန်ဟာ ဒေါ့မွန်နဲ့နော်ဝေအတွက် တိုက်စစ်မှူးစစ်စစ်လည်းဖြစ်ပါတယ်။ ဒီကစားသမားဟာ ဥရောပထိပ်သီးအသင်းတွေစိတ်ဝင်စားလောက်အောင် ပြိုင်ပွဲအစုံမှာ ၂၃ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

#မန်စီးတီး #ဟာလန်း #ဂွါဒီယိုလာ #ဂမ်ဒိုဂန်