ရှေ့သို့
Image

ဖီနာဘာချီလူစာရင်းကနေ ထုတ်ပယ်ခံရအပြီး တွစ်တာမှာ ပို့စ်တစ်ခုတင်ခဲ့တဲ့ အိုဇေးလ်

11:22 AM, 26 March

အာဆင်နယ်ကွင်းလယ်လူဟောင်း မီဆွတ်အိုဇေးလ်ဟာ တွစ်တာမှာ မဆီလျော်တဲ့ မက်ဆေ့ချ်တင်ခဲ့တာကြောင့် ဖီနာဘာချီလူစာရင်းကနေ အထုတ်ခံခဲ့ရပါတယ်။ ကြာသပတေးနေ့တုန်းကက ရီးရဲလ် နဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်းကက တွစ်တာမှာ ပို့စ်တင်ခဲ့တာဖြစ်ပြီး ယာယီနည်းပြ ကာတယ်က တူဖန်နဲ့အတူ လူစာရင်းကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အိုဇေးလ်က တွစ်တာမှာ တူရကီအလံနဲ့အတူ “The main thing is Fenerbahce” ဆိုတဲ့ မက်ဆေ့ချ်နဲ့ တင်ခဲ့ပါတယ်။ သတင်းတွေအရ အိုဇေးလ်ဟာ လက်ရှိယာယီနည်းပြ ကာတယ်နဲ့ စကားများခဲ့တာကြောင့်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အသင်းကကနေ အိုဇေးလ် နဲ့ တူဖန်တို့ကို လူစာရင်းကနေ ထုတ်ထားခဲ့ပါတယ်”လို့ ဖီနာဘာချီက ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။

ကလပ်အသင်းကတော့ နောက်ကွယ်ကအကြောင်းပြချက်က အိုဇေးလ်ကို ကွန်ယာစပေါလ်အသင်းနဲ့ ပွဲပထမပိုင်းအပြီးမှာ လူူစားလဲခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အသက် ၃၃ နှစ်သားဟာ ဂျာမနီအသင်းအတွက် ၃၇ ပွဲပါဝင်ကစားပေးထားပြီး ပြီးခဲ့တဲ့နှစ်ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အာဆင်နယ်ကနေ တူရကီကလပ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သတင်းတွေအရ အာဆင်နယ်စတားဟောင်းဟာ ယာယီနည်းပြ ကာတယ်နဲ့ စကားများခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ တူရကီက လာတဲ့သတင်းတွေအရ အိုဇေးလ်ဟာ ဖီနာဘာချီမှာ မပျော်ရွှင်တော့ဘူးလို့ ဖော်ပြနေကြပါတယ်။ အိုဇေးလ်ဟာ နောက်ကြောပြဿနာကြောင့် ဖီနာဘာချီအတွက် ၈ ပွဲလောက် လွဲချော်ခဲ့သေးတာဖြစ်ပါတယ်။

သတင်းတွေအရ အိုဇေးလ် နဲ့ ကာတယ်ဝန်ထမ်းတွေကြား လက်ရှိရာသီအတွက် ဆွေးနွေးဖွယ်ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။

#ဖီနာဘာချီ #အိုဇေးလ်