ရှေ့သို့
Image

ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးနိမ့်ပြီးနောက် နိုင်ငံလက်ရွေးစင်ရွေးချယ်မှုအပေါ် မန်စီနီ၏ မိခင်ဖြစ်သူ ဝေဖန်

11:12 AM, 26 March

ကမ္ဘာ့ဖလားခြေစစ်ပွဲရှုံးထွက်ပွဲစဉ်တွင် အရှက်ရဖွယ် ရှုံးနိမ့်ပြီးနောက် အီတလီအသင်းနည်း ပြ မန်စီနီရဲ့မိခင်က သားဖြစ်သူ၏ နိုင်ငံ့လက်ရွေးစင်အသင်းသားရွေးချယ်မှုနှင့် အသင်းကွင်းလယ်လူဂျော်ဂျင်ဟိုတို့အပေါ် အပြစ်ရှာဝေဖန်ခဲ့သည်။

ယူရို ၂၀၂၀ ချန်ပီယံအသင်းသည် မြောက်မက်ဆီဒိုးနီးယား အသင်းအား နာကျင်အချိန်ပိုမိနစ်သွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပါဝင်ယဉ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။ မြောက်မက်ဆီဒိုးနီးယား အသင်းနှင့်ပွဲစဉ်အပြီး မန်စီနီ၏ မိခင် ပူအိုလိုက အီတလီအသင်းသည် စူပါမာရီယို လိုအပ်နေကြောင်း Radiouno သတင်းဌာနသို့ ပြောဆိုသည်။

"မနေ့ကပွဲကတော့ အကောင်းဆုံးဖြစ်မလာခဲ့ဘူး။ ဘောလုံးဆိုတာ ဒါပဲလေ။ တခါတရံမှာ အချို့ကိစ္စတွေက မှန်သွားနိုင်သလို အချို့ကိစ္စတွေက မှားသွားနိုင်တယ်။ ကျွန်မတို့အသင်းက ပွဲကိုထိန်းချုပ်နိုင်ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး""စူပါမာရီယို ဆိုတာကတော့ ဘာလော့တယ်လီကို ပြောတာပါ။ သူ့မှာ အံအားသင့်လောက်စရာ ခန္ဓာကိုယ်ကြံခိုင်မှုနဲ့ ဂိုးရှေ့မှာ သူရောက်နေရင် သူဂိုးသွင်းဖို့ ဘယ်သူမှတားဆီးနိုင်မှာ မဟုတ်ဘူး"ဟု ပူအိုလိုက ဆိုသည်။

ခြေစစ်ပွဲအုပ်စုအဆင့်ပွဲစဉ်များတွင် ပယ်နယ်တီအခွင့်အရေး ၃ ကြိမ်လွဲချော်ခဲ့သော ချဲလ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအား ဝေဖန်ရန်ကိုမူ သူမအနေဖြင့် မမေ့လျော့ခဲ့ပေ။ အီတလီအသင်းသည် ခြေစစ်ပွဲအုပ်စုပွဲစဉ်များတွင် လိုအပ်သော ရမှတ်များကို မရှာဖွေနိုင်ခဲ့ဘဲ ဆွစ်ဇာလန်၏နောက် အုပ်စုဒုတိယနေရာဖြင့်  ခြေစစ်ပွဲရှုံးထွက်အဆင့် မြောက်မက်ဆီဒိုးနီးယားအသင်းနှင့် ကစားရန် အကြောင်းဖန်လာခဲ့သည်။

"ကံမကောင်းစွာနဲ့ပဲ ဂျော်ဂျင်ဟိုရဲ့အမှားတွေကို ကျွန်မတို့အားလုံးပေးဆပ်လိုက်ရတယ်။ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်လို့ သူ့ကို လက်ညှိုးမထိုးလိုပေမယ့် အမှန်တရားကတော့ သူ ပင်နယ်တီ ၃ လုံး လွဲချော်ခဲ့တယ်ဆိုတာပါပဲ"ပူအိုလိုက ပြောသည်။

ယမန်နေ့ကပွဲစဉ်အပြီး ဂျော်ဂျင်ဟိုကလည်း သူလွဲချော်ခဲ့သည့်ပင်နယ်တီများအတွက် ဘဝတစ် လျောက်လုံး နောင်တရနာကျင်ခံစားနေရတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။

ပူအိုလိုက "မြောက်မက်ဆီဒိုးနီးယားက ဂိုးပေါက်ကို တစ်ကြိမ်ပဲခြိမ်းခြောက်တာဖြစ်ပေမယ့် ဒါကို အီတလီဂိုးသမား ဒွန်နာရမ်မာက ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ထားပါတော့ ဒါတွေပြောနေလို့ အကျိုးမရှိဘူး။ ဒီအသင်းက ယူရိုပြိုင်ပွဲတုန်းကမှော်ဝင်ခြေစွမ်းတွေ မပျောက်ဆုံးသေးပေမယ့် တဖက်မှာလည်း တချို့တွေက အမှားပြုလုပ်မိမှာကို ကြောက်လန့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မနေ့တုန်းက အဂ်လန်ကလူတွေ အောင်ပွဲခံနေတော့မယ်လို့ ကျွန်မ တွေးလိုက်မိသေးတယ်"ဟု ဆက်လက်ပြောကြားသည်။

#အီတလီ #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မန်စီနီ