ရှေ့သို့
Image

စွမ်းဆောင်ရည်ကောင်းတွေပြနေတဲ့ အေဘရာဟမ်ကို အာဆင်နယ်နဲ့ ယူနိုက်တက်တို့ စိတ်ဝင်စားနေ

11:07 AM, 26 March

သတင်းတွေအရ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ နွေရာသီမှာ ရိုးမားတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

အင်္ဂလန်သားဟာ ချဲလ်ဆီးအသင်းကနေ ရိုးမားအသင်းထံပြောင်းရွှေ့ခဲ့ပြီးနောက် ဒီရာသီမော်ရင်ဟိုလက်အောက်မှာ ၄၀ ပွဲပါဝင်ကစားထားပြီး ၂၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးဟောင်းရဲ့စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက် နဲ့ အာဆင်နယ်တို့က စိတ်ဝင်စားလာကာ နွေရာသီမှာ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ အေဘရာဟမ်ကို ခရစ္စတီယာနိုရော်နယ်ဒိုနေရာမှာ အစားထိုးချင်နေတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ပထမဆုံး အေဘရာဟမ်ကို ချိတ်ဆက်ခဲ့တာဖြစ်ကာ ချဲလ်ဆီးကလည်း ရောင်းထုတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာလည်း အူဘာမီယန်းမရှိတော့တာကြောင့် တိုက်စစ်မှူး လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။

အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်ကလည်း အေဘရာဟမ်နဲ့ပတ်သက်ပြီး “အေဘရာဟမ်က ရောမဘုရင်ပါ။ အေဘရာဟမ်က တော်တော်တိုးတက်လာပါတယ်။ မော်ရင်ဟိုကလည်း အေဘရာဟမ်ကို လက်မလွှတ်လောက်ပါဘူး။ မော်ရင်ဟိုအတွက် ခေါင်းခြောက်စေမှာပါ။ ကျွန်တော်သာဆို အေဘရာဟမ်ကို ခေါ်မှာပါ”လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။

အီယန်ရိုက်အသင်းဖော်ဟောင်း နီဂယ်ဝင်းတားဘန်းကတော့ အာတီတာအနေနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

“နွေရာသီတုန်းက သူအသင်းပြောင်းသွားခဲ့ပြီး အာဆင်နယ်ကလည်း ချိတ်ဆက်ခဲ့ပါတယ်။ သူဘယ်လောက်သန်မာလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အခုဆို တော်တော်လေးစွမ်းဆောင်ရည်တိုးတက်လာပါတယ်။ ကျွန်တော့်အမြင်အရဆိုရင်တော့ အေဘရာဟမ်က အာဆင်နယ်အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်လာနိုင်ပါတယ်”လို့ ဝင်းတားဘန်းက ပြောကြားခဲ့ပါတယ်။

အေဘရာဟမ် နဲ့ ရိုးမားအသင်းဖော်တွေဟာ တနင်္ဂနွေနေ့ညနေမှာ ဆမ်ဒိုးရီးယားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ရိုးမား #မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #အေဘရာဟမ်