ရှေ့သို့
Image

၀င်ဘာလေမှာ အသင်းဖော် ၂ ဦးနဲ့ မဆုံရတာကို ကျေနပ်နေတဲ့ ဇာခါ

11:05 AM, 26 March

ဆွစ်ဇာလန်အသင်းခေါင်းဆောင် ဇာခါက စနေနေ့ညနေ ဝင်ဘာလေမှာ ကန်မယ့် အင်္ဂလန်အသင်းနဲ့ ခြေစမ်းပွဲမှာ အသင်းဖော် ၂ ဦး နဲ့ မဆုံရတာကို ကျေနပ်နေပါတယ်။ အင်္ဂလန်ဟာ ဆွစ်ဇာလန်ကို အခုနှစ်ကမ္ဘာ့ဖလားပြင်ဆင်မှုအဖြစ် ဝင်ဘာလေမှာ ခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။

ဇာခါက အာဆင်နယ်အသင်းမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပြီး အာဆင်နယ်က လက်ရှိရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရေပန်းစားနေပါတယ်။ ဆောက်ဂိတ်ရွေးချယ်ထားတဲ့ ၂၅ ဦး လူစာရင်းမှာ အာဆင်နယ်ကစားသမား ၄ ဦးအထိ ပါဝင်နေပြီး ဆွစ်ဇာလန် ၊ အိုင်ဗရီကို့စ်တို့နဲ့ ကစားမှာဖြစ်ပါတယ်။

ဒါပေမယ့် အာရွန်ရမ်စ်ဒဲလ်က တင်ပါးဒဏ်ရာနဲ့ ဆာကာ ကိုဗစ်ကြောင့် နုတ်ထွက်ခဲ့ကြပါတယ်။ ဘင်ဝှိုက် နဲ့ စမစ်ရိုတို့ကတော့ အင်္ဂလန်အတွက် ပါဝင်နေဆဲဖြစ်ကာ ဇာခါက ဆာကာ နဲ့ ရမ်စ်ဒဲလ်မပါတာကို သဘောကျနေပါတယ်။

“သူတို့ ၄ ယောက်ထဲက ၂ ယောက် မပါနိုင်ဘူးလို့ သိထားပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ၂ ဦး အကြောင်း ကျွန်တော်ကောင်းကောင်းသလို့ပါ။ မှန်ပါတယ်။ သူတို့မှာ ကောင်းမွန်တဲ့ မျိုးဆက်တစ်ခုရှိနေပါတယ်။ ကစားပုံကောင်းစလို နိုင်ငံအသင်းမှာတင်မဟုတ်ပဲ အာဆင်နယ်မှာ အတူတူပါပဲ။ ဆာကာနဲ့ ရမ်စ်ဒဲလ်မပါတာကို ကျွန်တော်ပျော်ပါတယ်။ ကျွန်တော် လက်ရှိမှာ အကောင်းဆုံးလုပ်နေပါတယ်။ ၉ ပွဲကစားဖို့ ကျန်ရှိနေပြီး လာမယ့်ပွဲတွေမှာ ဘာဆက်ဖြစ်မလဲ ကြည့်ရပါလိမ့်မယ်”လို့ ဇာခါက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေနဲ့ ကတောက်ကဆရှိခဲ့ပေမယ့် ဇာခါဟာ ၂၀၁၆ မိုချန်ဂလာဘတ်ကနေ အာဆင်နယ်ကို ပြောင်းလာပြီးကတည်းက ၁၇၈ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ အသက် ၂၉ နှစ်သားဟာ စနေနေ့မှာ အတွေ့အကြုံတွေနဲ့ အင်္ဂလန်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“မှန်ပါတယ် သူတို့ကွင်းလယ်မှာ အကောင်းဆုံးကစားသမားတွေရှိပါတယ်။ ဒါပေပမယ့် ကျွန်တော်အတွက်တော့ သူတို့နဲ့ မကစားဖူးသေးပါဘူး။ ကျွန်တော်သူတိ့ုကို ကောင်းကောင်းသိပါတယ်။ ပရီးမီးယားလိဂ်မှာ သူတို့နဲ့ ကစားဖူးပါတယ်။ နိုင်ငံအသင်းမှာလည်း သိပ်မကွာလောက်ဘူးထင်ပါတယ်။
ယူရိုမှာတုန်းက သူတို့ တော်တော်ကောင်းခဲ့ပြီး ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပါတယ်။ အင်္ဂလန်ကို အနိုင်ယူဖို့ နည်းလမ်းရှာနေပါတယ်”လို့ ဇာခါက ပြောကြားခဲ့ပါတယ်။

#အင်္ဂလန် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဇာခါ #ဆွစ်ဇာလန်