ရှေ့သို့
Image

ဇူးမားရဲ့ ကြောင်အကြမ်းဖက် ဗီဒီယိုကြောင့် တိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့တွေထံ လှူဒါန်းမှု ပြုလုပ်ခဲ့တဲ့ ဝက်စ်ဟမ်း

9:45 AM, 26 March

ဝက်စ်ဟမ်းအသင်းဟာ ဇူးမားရဲ့ကြောင်အကြမ်းဖက်ဗီဒီယိုကြောင့် မတူညီတဲ့ တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ ၉ ခုထံ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းက ဇူးမားရဲ့ဗီဒီယိုဖိုင်ကြောင့် အခုလိုမျိုး ပရဟိတအဖွဲ့အစည်း ၉ ခုထံ လှူဒါန်းတာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဇူးမားဟာ အခုနှစ်အစောပိုင်းတုန်းက သူ့ရဲ့အိမ်မွေးကြောင်ကို ကန်ခဲ့တဲ့ဗီဒီယိုတက်လာခဲ့ပြီး ကမ္ဘာတစ်လွှားပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ဇူးမားကို ပွဲပယ်ဖို့ မဆုံးဖြတ်ခဲ့ပဲ အခုချိန်မှာ ယူကေ နဲ့ ပြည်ပမှာရှိတဲ့ တိရစ္ဆာန်အဖွဲ့အစည်းတွေထံ လှူဒါန်းမှု ပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းရဲ့ထုတ်ပြန်ချက်မှာ ဇူးမားက ဘဏ္ဍာရေးကိုင်တွယ်ခဲ့ပြီး အဆိုပါငွေကြေးက ကြောင်တွေကို ကာကွယ်ဖို့ ပေးအပ်တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

“ဝက်စ်ဟမ်းအသင်းအနေနဲ့ တိရစ္ဆာန်အဖွဲ့အစည်းတွေကို ငွေကြေးပိုင်းဆိုင်ရာ လှူဒါန်းခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ စုစုပေါင်းအဖွဲ့အစည်း ၉ ခုဖြစ်ပြီး ယူကေ နဲ့ နိုင်ငံတကာမှာရှိတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တွေ ပါဝင်ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဇူးမားနဲ့ သူ့ရဲ့အကိုဖြစ်သူဟာ ကြောင်ကိုကန်ခဲ့ဲတဲ့ဗီဒီယိုဖိုင်ကြောင့် RSPCA အဖွဲ့ရဲ့အရေးယူမှု နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  အဆိုပါလုပ်ရပ်ကြောင့် ပရိသတ်တွေရဲ့ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရကာ မိုယက်ချ်ကတော့ ဒုတိယအကြိမ် အခွင့်အရေးပေးဖို့ အလိုရှိခဲ့တာဖြစ်ပါတယ်။

#ဇူးမား #ဝက်စ်ဟမ်း