ရှေ့သို့
Image

အာဖရိကဖလားဗိုလ်လုပွဲ ရှုံးနိမ့်မှုအပေါ် လက်စားချေနိုင်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ ဆာလက်

1:58 PM, 25 March

မိုဆာလက်က အီဂျစ်အသင်းအနေဖြင့် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန်နှင့် အာဖရိကဖလားဗိုလ်လုပွဲရှုံးနိမ့်အပေါ် လက်တုံ့ပြန်နိုင်ရန် ဘာမဆိုပေးဆပ်သွားမည်ဟု သိန္နိဋ္ဌာန်ချထားကြောင်း ပြောကြားခဲ့သည်။

ကာတာ၌ကျင်းပမည့် ပြိုင်ပွဲတွင် ဝင်ခွင့်တစ်နေရာရရှိဖို့အတွက် အသက် ၂၉ နှစ်အရွယ် လီဗာပူးအသင်း တိုက်စစ်သမားသည့် အာဖရိကဖလားပြိုင်ပွဲနောက်ပိုင်း ရက်သတ္တပတ် ခုနှစ်ပတ်အကြာတွင် ကလပ်အသင်းဖော်မာနေးဦးဆောင်သော ဆီနီဂေါအသင်းနှင့် နောက်တစ်ကြိမ်ရင်ဆိုင်ရမည်ဖြစ်သည်။

အဆိုပါအသင်းနှစ်သင်းသည် ကင်မရွန်းမှာကျင်းပခဲ့တဲ့ အာဖရိကဖလားဗိုလ်လုပွဲတွင် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး မာနေရဲ့အသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိခဲ့ပြီး အာဖရိကဖလားကို ဆီနီဂေါနိုင်ငံသို့ သယ်ဆောင်သွားခဲ့သည်။ မန်ချက်စတာယူနိုက်တက်လက်ထောက်နည်းပြဟောင်း ကွီရော့ဇ် ဦးဆောင်သည့် အီဂျစ်အသင်းသည် ယနေ့ညကမ္ဘာ့ဖလားခြေစစ်ပွဲပထမအကျော့ကို ကိုင်ရိုမြို့၌ အိမ်ရှင်အဖြစ် ဧည့်ခံကစားမည်ဖြစ်သည်။

“ ကျွန်တော်တို့ ကတိပေးနိုင်တာကတော့ ဒီပွဲကို အနိုင်ရဖို့ ဘာမဆိုပေးဆပ်သွားမယ်ဆိုတာပါပဲ။ ကျွန်တော်အများကြီး မပြောချင်ပါဘူး။ ဒါပေမယ့် လူတိုင်းဟာ အသင်းကောင်းနှစ်သင်းယှဉ်ပြိုင်မယ့် အိမ်ကွင်းအဝေးကွင်းနှစ်ကျော့ရဲ့ အရေးပါမှုကို ကြည့်ရှုနိုင်မယ်။ ကျွန်တော်တို့ အနိုင်ရကိုရပါလိမ့်မယ်” ဟု မိုဆာလက်က ဆိုသည်။

အီဂျစ်အသင်း၏ လက်ထောက်နည်းပြ ရော်ဂျာဒီဆကလည်း ဘောလုံးစူပါစတား မိုဆာလက်၏ မှတ်တမ်း၌ လိုအပ်နေသော တစ်ခုတည်းသောအရာမှာ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း လက်ခံထားသည်။

“မိုရဲ့ကစားသမားဘဝတစ်ခုလုံးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း ကြီးမားတဲ့စွမ်းဆောင်ရည်ပြသနိုင်ခြင်းဆို တဲ့အရာ မရှိသေးဘူး။ ဒါက သူရရှိဖို့ စောင့်မျှော်နေတဲ့အရာလို့ ကျွန်တော်ထင်တယ်။ မိုက အသင်းအတွက် အများကြီးထမ်းပိုးပေးထားတယ်။ သူ့အနေနဲ့ ဖိအားတွေကိုလွှတ်ချထားပြီး ပုံမှန်အတိုင်းပဲကစားဖို့ လိုအပ်နေတယ်လို့ မြင်မိတယ်။ ကျွန်တော်တို့ မိုကို ဒီအကြောင်းတွေပြောပြတော့ သူက အံ့သြစရာ လူသားတစ်ယောက်ဖြစ်နေတယ်ဆိုတာ တွေ့လိုက်ရတယ်။ သူနဲ့ အလုပ်လုပ်ရတဲ့နေ့တိုင်းကလည်း မမေ့နိုင်စရာပါပဲ။ မိုဟာ ရိုးသားနှိမ့်ချတက်တဲ့လူသားတစ်ယောက်ဖြစ်ပြီး ၁၂၀ ရာခိုင်နှုန်းပေးဆပ်နိုင်ဖို့ အမြဲတမ်း အသင့်ရှိနေတက်သူပါ”ဟု ရော်ဂျာဒီဆက ပြောသည်။

#အာဖရိကဖလား #အီဂျစ် #ဆာလက်