ရှေ့သို့
Image

ကိုဗစ်စစ်ပိုး တွေ့ရှိခဲ့ပြီးနောက် အင်္ဂလန်အသင်းကနေ နှုတ်ထွက်ခဲ့တဲ့ ဆာကာ

12:50 PM, 25 March

ဆာကာဟာ ဗုဒ္ဓဟူးနေ့က သီးသန့်ထားခံခဲ့ရတာဖြစ်ပြီး အခုတော့ အင်္ဂလန်က ထွက်ပြီး အိမ်ကို ပြန်ရတော့မှာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ကတော့ ဆွစ်ဇာလန် အိုင်ဗရီကို့စ်တို့နဲ့ကန်မယ့် ခြေစမ်းပွဲတွေအတွက် မည်သည့်လူစားထိုးခေါ်ယူမှုမှ ထပ်မံပြုလုပ်မယ့်ပုံမပေါ်ပါဘူး။

အက်ဖ်အေက ထုတ်ပြန်တဲ့စာအရတော့ “ဆာကာဟာ ကိုဗစ်ပိုးရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အင်္ဂလန်အသင်းကနေ ထွက်သွားခဲ့ပါပြီ။ ဒီအာဆင်နယ်ကစားသမားကို ဗုဒ္ဓဟူးနေ့က ကွာရန်းတင်းထားရှိထားတာဖြစ်ပြီး အခုတော့ အိမ်ပြန်သွားပါပြီ။ ဆွစ်ဇာလန်နဲ့ အိုင်ဗရီကို့စ်နဲ့ စနေနေ့ နဲ့အင်္ဂါနေ့မှာ ထပ်မံကန်ယူမယ့်ပွဲတွေအတွက်တော့ ထပ်မံလူစားထိုးခေါ်ယူမှုတော့ မရှိသေးပါဘူး”လို့ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကြောင့် ဆာကာလည်းပွဲထဲကနေထွက်သွားပြီမလို့ သူဟာ နောက်ဆုံးအနေနဲ့ ထွက်သွားတဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။ ဂျွန်စတုန်း၊ ဂျိမ်းစ်၊ ရမ်စ်ဒေး၊ အေဗရာဟမ် နဲ့ အာနိုးတို့လည်း အသင်းကနေ ထွက်သွားခဲ့တာပါ။

သူတို့ကိုတော့ ဖော်စတာ၊ မစ်ရှယ်၊ ဝေါကာပီတာနဲ့ ဝက်ကင်တို့နဲ့ လူစားထိုးထားခဲ့ပါတယ်။ ဆာကာဟာ ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၁၀ ဂိုးသွင်းယူထားတာမလို့ အာဆင်နယ်နဲ့အတူ နောက်ထပ်အံ့ဖွယ်ရာသီတစ်ခုကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီ အသက် ၂၀ အရွယ်ကစားသမားလေးဟာ အင်္ဂလန်အသင်းအတွက် ၁၄ ပွဲမှာ ၄ ဂိုး သွင်းယူထားခဲ့ပါသေးတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #ဆာကာ