မြောက်မက်ဆီဒီုးနီးယားက အီတလီကို အံ့အားသင့်အောင် လုပ်ပြနိုင်မယ်လို့ အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း ဖာနန်ဒို ဆန်းတို့စ် ဆို
11:09 AM, 25 March
ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က မြောက်မက်ဆီဒိုးနီးယားအသင်းဟာ အီတလီကို အံ့အားသင့်အောင် လုပ်ပြနိုင်မယ်လို့ အကြိမ်ကြိမ် သတိပေးခဲ့ကြောင်းနဲ့ ယမန်နေ့ည ပွဲအပြီးမှာ သူ့ရဲ့ သတိပေးချက်က မှန်တယ်ဆိုတာ သက်သေပြနိုင်ကြောင်း ပြောခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားအသင်းဟာ အီတလီကို ကျော်ဖြတ်ခဲ့ပြီး တူရကီကို ၃- အနိုင်ယူလာခဲ့တဲ့ တူရကီနဲ့ ပလေးအော့ဖ် နောက်ဆုံးအဆင့် ကစားရမှာ ဖြစ်ပါတယ်။
ဆန်းတို့စ်က “ကျွန်တော်တို့ မြောက်မက်ဆီဒိုးနီးယားကို အီတလီလိုပဲ လေးစားမှုပေးရပါမယ်။ သူတို့ မကစားခင်က ကျွန်တော် သတိပေးခဲ့တာတွေက ဟာသမဟုတ်ပါဘူး။ ဒီပွဲတွေက ဗိုလ်လုပွဲလို ဖြစ်ပြီး ဘာမဆို ဖြစ်သွားနိုင်ပါတယ်”“ဒီပွဲတွေကို အာရုံစိုက်မှုအပြည့်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အီတလီလို ယူရို ချန်ပီယံကို အနိုင်ယူနိုင်ခဲ့တဲ အသင်းအကြောင်း ဘာမှမိတဆက်နေစရာ မလိုပါဘူး”လို့ ပြောခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ၂ဂိုးပြတ် အနိုင်ရပြီးမှ တူရကီကို ၁ဂိုးပြန်ပေးလိုက်တာကြောင့် ရုန်းကန်ခဲ့ရပြီး ယီမက်ဇ် ပင်နယ်တီ လွဲချော်မှုကြောင့် ကံကောင်းခဲ့ကာ ဆန်းတို့စ်က အသင်းအနေနဲ့ အဆိုပါ အခြေအနေမျိုး မဖန်တီးသင့်ကြောင်း ပြောခဲ့ပါတယ်။
ဆန်းတို့စ်က “ဒီလိုမျိုး ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ပွဲမျိုးမှာ ခုလို မဖြစ်သင့်ပါဘူး။ ဒီအချက်က အင်္ဂါနေ့ ပွဲအတွက် သတိပေးခေါင်းလောင်း၁ခုပါ။ ဒီနေ့ပွဲက ပြီးသွားပြီဖြစ်ပြီး နောက်ထပ် ပြိုင်ဘက်အတွက် အာရုံစိုက်ရမှာ ဖြစ်ပါတယ်”“ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့ ကစားရမှာဖြစ်တာကြောင့် ပိုပြီးအာရုံစိုက်ရပါမယ်။ ဒီစိတ်အားတက်ကြွမှုတွေက ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာ့ဖလားသွားဖို့ အင်အားတွေ ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။