ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အီတလီ ပြုတ်ခဲ့ပြီးနောက် မန်ချီနီရဲ့ အနာဂတ် မသေမချာဖြစ်လာ

10:21 AM, 25 March

၂၀၂၂ ကမ္ဘာ့ဖလားမှာ မြောက်မက်ဆီဒိုးနီးယားကို အီတလီရှုံးနိမ့်ပြီးနောက် သူ၏အနာဂတ် မသေချာတော့ကြောင်း မန်ချီနီက ဆိုပါတယ်။ ၂၀၂၀ ယူရိုဖလား ချန်ပီယံ အီတလီဟာ ကမ္ဘာ့ဖလားရဲ့ ရှုံးထွက်အဆင့်ကို မီခဲ့ပေမဲ့ ပြုတ်သွားပြီပဲဖြစ်ပါတယ်။

မိနစ် ၉၀ လုံး ဂိုးတစ်လုံးသွင်းရဖို့တောင် မမြင်ခဲ့ရတဲ့ ထရက်ကော့စကီဟာ မန်ချီနီဘဝပျက်အောင် မိနစ် ၉၀ ကျော်မှ တစ်လုံးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ယူရိုချန်ပီယံဖြစ်ခဲ့တာကြောင့် လေးနှစ်သက်တမ်းတိုးခံရထားရတဲ့ အီတလီနည်းပြဖြစ်သူဟာဆိုရင် အခုဆိုရင်တော့ သူ့အနာဂတ်အခြေအနေဟာ မသေချာတော့ပါဘူး။ အသက် ၅၇ နှစ်အရွယ်နည်းပြဖြစ်သူဟာ သူနည်းပြလုပ်ခွင့်ရမရကို အချိန်က စကားပြောလိမ့်မယ်လို့ဆိုပါတယ်။

“ကျွန်တော့်အနာဂတ်ကို ထုတ်ပြောဖို့ ကျွန်တော် ကိုယ်တိုင် စိတ်ပျက်နေပါတယ်။ ဆက်စောင့်ကြည့်ကြတာပေါ့။ ဒီအသင်းက အနာဂတ်ကောင်းကောင်း ရှိပါတယ်။ ကျွန်တော်ကတော့ ဒီကစားသမားတွေကို ဒီထက်ပိုပြီး အားပေးသွားမှာပါ” လို့မန်ချီနီက ပြောပါတယ်။

အီတလီအသင်းခေါင်းဆောင်ချီလီနီမှလည်း “ကျွန်တော်တို့ တော်တော်စိတ်ပျက်နေပါတယ်။  သေချာကစားနိုင်ခဲ့ပေမဲ့ တစ်ဂိုးသွင်းဖို့လိုနေတာပါ။ ကျွန်တော့်အသင်းဖော်တွေကို ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ယူကျုံးမရဖြစ်နေပါတယ်။ မန်ချီနီကို ဆက်လက်ထားရှိဦးမယ်လို့ မျှော်လင့်ပါတယ်” လို့ဆိုပါတယ်။

လက်ရွေးစင်အသင်းမှာ အနားယူမယူမေးတဲ့အခါမှာလည်း “ဒါ အီတလီမှာ ကျွန်တော် နောက်ဆုံးပွဲ ကစားခဲ့တာဟုတ်မဟုတ် မသေချာပါဘူး”လို့ ဆိုပါတယ်။

သူတို့အီတလီအသင်းဟာ ဒီနောက်ဆုံးပွဲရလဒ်ကိုသူတို့ရဲ့တကယ့်ခြေစွမ်းမဟုတ်ဘူးလို့ ယုံကြည်နေကြာင်းကို မန်ချီနီကလည်း “ဇူလိုင်လကသာ ကျွန်တော်နည်းပြလုပ်တဲ့တစ်လျှောက် အကောင်းဆုံးဆိုရင် ဒါကတော့ အဆိုးဆုံးပါ။ ဘောလုံးမှာ ဘာမှပြောလို့မရဘူးဗျ။ ထူးဆန်းတာတွေ သိပ်ဖြစ်တတ်တာ။ မနေ့ညကဖြစ်သွားတာကလည်း အဲလိုမျိုးပါပဲ။ ကျွန်တော်တို့ အဲလိုမဖြစ်ခဲ့သင့်ပေမဲ့ ကျွန်တော်တို့လည်း တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒီပွဲကို မှတ်ချက်ပေးဖို့က ခက်တယ်ဗျ။ မိနစ် ၉၀ ကျော်မှ တစ်ဂိုးသွင်းသွားမလို့ပါ။ ဒါတကယ်ကစားသမားကောင်းတွေ ရှိတဲ့အသင်းပါ။ ကျွန်တော်တို့ မထိုက်တန်ခဲ့တာအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အနာဂတ်အကြောင်းပြောဖို့ အရမ်းစောပါသေးတယ်။ ဒီအရှုံးကို လက်ခံနိုင်အောင် အရင်ကြိုးစားရပါဦးမယ်”လို့ ပြောသွားပါတယ်။

#အီတလီ #မြောက်မက်ဆီဒိုးနီးယား #မန်ချီနီ