ရှေ့သို့
Image

လမ်းပတ်ရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်တိုက်ခိုက်လိုက်တဲ့ ချဲလ်ဆီး နောက်ခံလူ အလွန်ဆို

9:54 AM, 25 March

ချဲလ်ဆီးအသင်း နောက်ခံလူ မာကို့စ်အလွန်ဆိုက လမ်းပတ်ကို ဝေဖန်တိုက်ခိုက်လိုက်ပြီး အစားဝင်ခဲ့တဲ့ တူချယ်က နည်းစနစ်ပိုင်းဆရာတစ်ဆူလို့ ပြောကြားခဲ့ပါတယ်။ လမ်းပတ်ဟာ ချဲလ်ဆီးနည်းပြဖြစ်ပြီး ၁၈ လ အကြာမှာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲဆက် အရေးနိမ့်ခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

လမ်းပတ်ကို ပရိသတ်တွေ နဲ့ အခြားဘောလုံးကျွမ်းကျင်သူတော်တော်များများက ဝေဖန်ခဲ့ကြကာ တူချယ်က အစားဝင်လာပြီး စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ဂျာမန်သားဟာ လမ်းပတ်နေရာမှာ အစားဝင်ပြီး ချဲလ်ဆီးကို ပြန်လည်ဆွဲတင်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့  ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ခဲ့ပါတယ်။ အလွန်ဆိုကလည်း တူချယ်ရောက်လာပြီးနောက်ပိုင်း လမ်းပတ်လက်အောက်မှာ နေရာပျောက်ခဲ့တာကို ပြန်လည် ချေဖျက်နိုင်ခဲ့ပါတယ်။

“အခုဆို ကျွန်တော်တို့ မျှခြေရှိတဲ့အသင်းဖြစ်နေပါပြီ။ ပြီးတော့ ဆုဖလားတွေလည်း နီးစပ်နေပါတယ်။ အသင်းတခုအနေနဲ့ ရှိနေသလို ခံစစ်လည်းကောင်းလာပါတယ်။  ၁၁ ယောက်လုံးခံစစ်ကစားပေမယ့် ပြောင်းလဲမှုလေးတွေတော့ ရှိပါတယ်။ ချန်ပီယံလိဂ်မှာက အသေးစားအချက်အလက်တွေပေါ် မီခိုနေပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။

အလွန်ဆိုဟာ လမ်းပတ်ရဲ့ပထမရာသီမှာပဲ ဝက်စ်ဘရွန်းအသင်းကို ၃-၃ ဂိုး သရေကျခဲ့တဲ့ပွဲအပြီးမှာ ကတောက်ကဆဖြစ်ခဲ့ပါတယ်။ သတင်းတွေအရ  အလွန်ဆိုနဲ့ လမ်းပတ်တို့ကြား မပြေလည်မှုက ပထမပိုင်းအပြီး လူစားမှုမှာ ပြဿနာစတင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်အသင်းဖော်တွေကို အကောင်းဆုံးကစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အားလုံးက အဆင်ပြေနေပါတယ်။ နည်းပြက အကောင်းဆုံးအသုံးမချနိုင်ခဲ့တာပါ။ ဒါပေမယ့် ဖြစ်ပျက်သမျှကို ကျွန်တော် ရှင်းပြခဲ့ပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ လမ်းပတ်ထွက်ခွာပြီးနောက် အလွန်ဆိုဟာ တူချယ်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့ပါတယ်။

“သူရောက်လာပြီးနောက်ပိုင်း ကျွန်တော်တို့ နည်းစနစ်ပိုင်းအဆင်ပြေလာခဲ့ပါတယ်။ ခံစစ်ကစားရပေမယ့် အဲ့တာကို အရမ်းပျော်နေပါတယ်”လို့ တူချယ်နဲ့ပတ်သက်ပြီး အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်သရဖူကို ကာကွယ်နိုင်ဖို့ ရီးရဲလ်အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနေပါတယ်။ အလွန်ဆိုက သရဖူကို ပြန်လည်ကာကွယ်နိုင်ဖို့ ဘာမဆိုလုပ်ဆောင်သွားမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #မားကို့စ်အလွန်ဆို