လိဒ်စ်ကစားသမား ရာဖင်ဟာကို ဝယ်ရမယ့်တန်ဖိုးအတွက် ခက်ခဲနေတဲ့ ဘာစီလိုနာ
4:34 PM, 24 March
စပိန်အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လိဒ်စ်အသင်းကစားသမား ဘရားဇီးတောင်ပံ ရာဖင်ဟာကို တောင်းဆိုတဲ့ဈေးနဲ့ ဝယ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။
နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာရေပန်းစားနေတဲ့ ညာတောင်ပံကစားဟာ လိဒ်စ်အသင်းကနေ ထွက်ပြီး အသင်းကြီးတစ်သင်းဆီ သွားချင်နေတာပါ။ ဒါပေမဲ့ Daily Mail ရဲ့ထုတ်ပြန်ချက်အရဆိုရင်တော့ လိဒ်စ်အသင်းဟာ ရာဖင်ဟာအတွက် သန်း ၆၀ အထိကိုလိုချင်နေတာဖြစ်ပါတယ်။
ဒီ ၂၅ နှစ်အရွယ် ကစားသမားဟာ ၂၀၂၄ မှ စာချုပ်သက်တမ်းကုန်မှာဖြစ်တာကြောင့် ဒီထက်ပို ဈေးသက်သာချင်ရင်တော့ ၂၀၂၃ မှဝယ်မှဖြစ်မှာပါ။ သူတို့ဟာအသင်းအတွက်အကျိုးအမြတ်ရှိမယ့် ငွေပမာဏမရပါက သူ့ကို ဒီနွေရာသီမှာလည်း အသင်းမှာပဲ ထပ်ထားချင်နေကြပါတယ်။
လီဗာပူးကလည်း မကြာသေးခင်က ရာဖင်ဟာကို စပ်ခဲ့ပါသေးတယ်။