ရှေ့သို့
Image

အိုရီဂီကို စာချုပ်သက်တမ်း တိုးရန် အစီအစဉ်မရှိတဲ့ လီဗာပူး

2:28 PM, 24 March

လီဗာပူးအသင်းဟာ အိုရီဂီအား စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိဘဲ နွေရာသီမှာ အေစီမီလန်သို့ ပြောင်းရွှေ့သွားရန် ရှိနေတယ်လို့အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ သိရသည်။

အိုရီဂီဟာ ယခုနှစ်အတွင်း အန်ဖီးလ်မှာ ပထမပွဲထွက်ခွင့်တွေ နည်းပါးနေပြီး ပြိုင်ပွဲစုံ စုစုပေါင်း ၁၄ပွဲသာ ကစားထားပြီး ၅ဂိုးသွင်း ၂ဂိုးဖန်တီးပေးထားပါတယ်။ စကိုင်းစပေါ့တ်ရဲ့ဖော်ပြချက်အရ အိုရီဂီရဲ့ စာချုပ်က နွေရာသီမှာ ကုန်ဆုံးသွားမှာ ဖြစ်ပြီး ကြိုးကြာနီတွေက တစ်နှစ်သက်တမ်းတိုးခွင့် အချက်ရှိနေပါတယ်။

ဒါပေမဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ယခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်အရေအတွက် နည်းပါးနေတာကြောင့် အသင်းပြောင်းဖွယ် ရှိပါတယ်။ ရိုမာရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ အိုရီဂီရဲ့ စာချုပ်ကို သက်တမ်းတိုးရန် အစီအစဉ်မရှိဘဲ အလွတ်ဖြင့် လက်လွတ်ဖွယ် ရှိတယ်လို့ဆိုပါတယ်။

အေစီမီလန်အသင်းက ကစားသမားရဲ့ အေဂျင့်နဲ့ စကားပြောဆိုနေပြီး လာမယ့်ရက်ပိုင်းအတွင်း အသေးစိတ်အချက်အလက်များကို ဆွေးနွေးသွားမည်ဟု သိရသည်။ လိုင်လီကနေ ၂၀၁၄က ကြိုးကြာနီအသင်းထံ ပြောင်းရွှေ့လာပြီးနောက် အိုရီဂီဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊စူပါဖလားနှင့် လိဂ်ဖလားတွေကို ရယူပေးထားနိုင်ပါတယ်။

#လီဗာပူး #အိုရီဂီ #ရိုမာနို