ရှေ့သို့
Image

ယူရိုပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြောင်း ကြေညာခဲ့တဲ့ ရုရှားကို ယူအီးအက်ဖ်အေက အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းဖွယ်ရှိနေ

9:08 AM, 24 March

ရုရှားနိုင်ငံဟာ ယူရို ၂၀၂၈နဲ့ ၂၀၃၂ ပြိုင်ပွဲတွေကို လက်ခံကျင်းလိုတယ်လို့ ကြေညာခဲ့ပြီးနောက် ယူအီးအက်ဖ်အေက အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းဖွယ် ရှိနေကြောင်း သိရပါတယ်။ ရုရှားနဲ့ တူရကီနိုင်ငံတို့ဟာ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတို့ရဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှုကို တားဆီးဖို့အတွက် ယမန်နေ့ deadline မကျော်ခင် အိမ်ရှင်လုပ်ဖို့ စိတ်ဝင်စားကြောင်း ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဟာ ဗြိတိန်နဲ့ အိုင်ယာလန်တို့ကို ပြိုင်ဆိုင်မယ့်နိုင်ငံ မရှိတာကြောင့် ရုရှားရဲ့ နောက်ကျ အိမ်အဖြစ် လျှောက်လွှာက ဆွစ်ဇာလန်မှ ဌာနချုပ်မှာ အံ့အာသင့်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ရုရှားမှာ အိမ်ရှင်လုပ်ခွင့်မရှိပဲ အီတလီနိုင်ငံက ယူရို ၂၀၃၂ပြိုင်ပွဲကို လက်ခံကျင်းဖို့ မျှော်မှန်းထားကာ ယူအီးအက်ဖ်အေက ရုရှားရဲ့ ကြိုးပမ်းမှုကို အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းကာ တားဆီးဖွယ် ရှိနေပါတယ်။ ဖွဲ့စည်းပုံဥပဒေ အပိုဒ်၁၁မှာ ဖော်ပြထားချက်အရ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းထားတဲ့ နိုင်ငံတွေအနေနဲ့ အိမ်ရှင်လျောက်ထားခွင့် မရှိတာလည်း ဖြစ်ပါတယ်။

ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရှိလားလို့ မေးတဲ့အခါ ယူအီးအက်ဖ်အေ ပြောရေးဆိုခွင့်ရှိသူက “ယူအီးအက်ဖ်အေ အုပ်ချုပ်သူတွေဟာ လာမယ့်အစည်းအဝေးတွေမှာ အခြေအနေတွေကို ဆွေးနွေးပြီး ဆုံးဖြတ်ချက်အသစ်တွေ ချမှတ်သွားပါမယ်”လို့ ပြောခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ လာမယ့်လအစောပိုင်းမှာ အိမ်ရှင်အသစ်တွေကို ကြေညာဖို့ စီစဉ်ထားပေမဲ့ တူရကီသာ အိမ်ရှင်လုပ်ဖို့ လျောက်ထားလာမယ်ဆိုရင်တော့ ကြေညာမှုကို လာမယ့်နှစ်ထိ စောင့်ဆိုင်းသွားဖွယ် ရှိနေပါတယ်။

#အိုင်ယာလန် #ယူအီးအက်ဖ်အေ #ရုရှား #ဗြိတိန်