ရှေ့သို့
Image

ဒီဘရိုင်းနှင့် ဝေါ်ကာ အပါအဝင် ကစားသမားအချို့ကို ဂွါဒီယိုလာ အားလပ်ရက်ပေး

4:19 PM, 23 March

အသင်းရဲ့ ကြယ်ပွင့်ကစားသမားများအနေဖြင့် ခက်ခဲကြမ်းတမ်းမည့် ရာသီအဆုံးသတ်ကာလကို ရင်ဆိုင် ကျော်ဖြတ်နိုင်ရန်အတွက် နိုင်ငံအသင်းတာဝန်ထမ်းဆောင်ရန်မလိုအပ်သော ဒီဘရိုင်းနှင့် ကိုင်းလ်ဝေါ်ကာ အပါအဝင် ကစားသမားအချို့ကို နည်းပြကြီး ပတ်ဂွါဒီယိုလာက ယခုနိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း အားလပ်ရက် ၇ ရက် ခံစားခွင့်ပြုလိုက်သည်။

ဂွါဒီယိုလာအနေဖြင့် အားလပ်ရက်ရရှိသော ကစားသမားများကို အသင်းလေ့ကျင့်ရေးကွင်း၏ အဝေးတွင် သက် တောင့်သက်သာနေထိုင်အချိန်ဖြုန်းစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယခုရာသီ ဖလား ၃ လုံးဆွတ်ခူနိုင်မည့် အခွင့်အရေးရှိနေသည့် မန်စီးတီးအသင်းသည် ဧပြီ ၂ ရက်တွင် ဘန်လေအသင်းနှင့် ယှဉ်ပြိုင်ရမည့်အချိန်မှ စတင်ကာ ရာသီကုန်အထိ ခရီးကြမ်းစတင်မည်ဖြစ်သည်။

ထို့နောက် ဂွါဒီယိုလာ၏ အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် လက်ရှိလာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်နှင့် နှစ်ကျော့ယှဉ်ပြိုင်ချိန်အတွင်း ချက်ချင်းဆိုသလိုပင် ပရီးမီးယားလိဂ်ချန် ပီယံပြိုင်ဖက် လီဗာပူးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်၊ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်တို့ကို ကစားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ယာဂန်ကလော့ပ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင် တစ်မှတ်အကွာဖြင့် ဖိအားပေးနေသော်လည်း စီးတီးကစားသမားအချို့သည် ရာသီလယ်နားရက်ခံစားခွင့် ရရှိခဲ့သည်။ မန်စီးတီး အသင်း၏ အသင်းသား ၁၂ ယောက်မှာမူ လက်ရှိတွင် နိုင်ငံလက်ရွေးစင်တာဝန်ထမ်းဆောင်နေပြီး ထင်ရှားသည်မှာ အယ်လ်ဂျီးရီးယားအသင်းနှင့်အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးအဆင့် ယှဉ်ပြိုင်မည့် တောင်ပံကစားသမား မာရက်ဇ်ဖြစ်သည်။

သို့သော် ဂါဘရီယယ်ဂျီးဆပ်စ်နှင့် ဖာနန်ဒင်ဟိုတို့မှာမူ အသင်းတွင် ဆက်လက်ရှိနေခဲ့သည်။ အင်္ဂလန်လက်ရွေးစင် နည်းပြ ဆောက်ဂိတ်က ကိုင်းလ်ဝေါ်ကာအနားပေးခဲ့ရသည့် ညာနောက်ခံလူနေရာ အတွက် အခြားရွေးချယ်စရာများကို စောင့်ကြည့်နေပြီး ဒီဘရိုင်း၏ ဘယ်လ်ဂျီယံသည်လည်း ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်အတွက် လက်ရွေးစင်ပွဲ ၅၀ အောက်လျော့နည်းနေသော ကစားသမားများကိုသာ ရွေးချယ်ခဲ့သည်။

တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရသည့် ပေါ်တူဂီလက်ရွေးစင်ဗဟိုနောက်ခံလူ ရူဘင်ဒီယက်စ် သည် ရာသီလက်ကျန်ပွဲစဉ်များအတွက် သူရဲ့ကြံ့ခိုင်မှုအပေါ် သက်သေပြရန်ကြိုးပမ်းနေသော်လည်း ဂွါဒီယိုလာ အနေဖြင့် ဗဟိုနောက်ခံလူ၏ ဒဏ်ရာပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် အရဲစွန့်အသုံးပြုမည်မဟုတ်ကြောင်း ဝန်ခံထားသည်။

ဂိုးသမားအီဒါဆန်မှာလည်း အဖျားဝေဒနာခံစားနေရတာကြောင့် ဘရာဇီးလ်လက်ရွေးစင်အသင်းနှင့် ပူးပေါင်း နိုင်ခြင်းမရှိဘဲ မန်ချက်စတာမြို့တွင်သာ ရှိနေခဲ့သည်

#မန်စီးတီး #ဂွါဒီယိုလာ #ဒီဘရိုင်း #ကိုင်လီဝေါ်ကာ