ရှေ့သို့
Image

ယခုနှစ် ပရီးမီးယားလိဂ် ဂုဏ်ပြုခံပုဂ္ဂိုလ်စာရင်း၏ ပထမဆုံး၂ဦးအဖြစ် ဝိန်းရွန်းနီနှင့် ဗီအဲရာတို့ ရွေးချယ်ခံရ

2:48 PM, 23 March

၂၀၂၂ ခုနှစ်၏ ပရီးမီးယားလိဂ်ဂုဏ်ပြုခံပုဂ္ဂိုလ် စကာတင်၂၅ ဦးစာရင်း၌ မန်ယူဂန္တဝင် ဝိန်းရွန်းနီနှင့် အာဆင်နယ်ဟီးရိုး ဗီအဲရာတို့ ပါဝင်လာခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၂၂ ခုနှစ် စကာတင်စာရင်းတွင် ပါဝင်လာသော ပထမဆုံး ကစားသမားဟောင်းများဖြစ်ပြီး အနားယူသွားသော ကြယ်ပွင့်ဟောင်းများအပါအဝင် စကာတင်စာရင်းအပြည့်အစုံကို ယနေ့ညပိုင်းတွင် ထုတ် ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆန်ခါတင်စာရင်းတွင် ပါဝင်သူများအား ပရိတ်သတ်များက မဲပေးရွေးချယ်နိုင်ပြီး မဲအများဆုံးရရှိသူ ခြောက်ဦးအား ပရီးမီးယားလိဂ်ဂုဏ်ပြုခံပုဂ္ဂိုလ်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဂုဏ်ပြုဆုတံတိပ်နှင့်အတူ ၎င်းတို့ရွေးချယ်ပေးသည့် လူမှုအဖွဲ့အစည်းသို့ ပရီးမီးယားလိဂ်က ပေါင် ၁၀,၀၀၀ လှူဒါန်းမည်ဖြစ်သည်။

“ယခင်နှစ်တွေက ရွေးချယ်ထားခဲ့တဲ့ မယုံနိုင်လောက်အောင်ထူးခြားတဲ့ ဂုဏ်ပြုခံကစားသမားဟောင်းစာရင်းမှာ ထည့်သွင်းခံရမယ်ဆိုရင်တော့ ကျွန်တော်အတွက် ကြီးမားတဲ့ဂုဏ်ပြုမှုတစ်ခုဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ဟာ ပရီးမီးယားလိဂ်ဘောလုံးပွဲတွေကို ကြည့်ရှုရင်း ကြီးပြင်းလာရတဲ့သူပါ။ ကျွန်တော့်ရဲ့အိမ်မက်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက် အဖြစ် ဂိုးတွေသွင်းမယ်၊ ဆုဖလားတွေကို အနိုင်ရချင်တယ်။ ပြီးတော့ ပရီးမီးယားလိဂ်ဖလားကို ငါးကြိမ်ဆွတ်ခူးနိုင်ခဲ့လို့ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အဲဗာတန်တို့အတွက် ကစားပေးခဲ့တဲ့နှစ်တွေမှာ အမှတ်ရစရာအခိုက်အတန့်တွေ ကျွန်တော့်မှာ ရှိပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ အရာတွေအတွက်လည်း အမှန်တကယ်ကို ဂုဏ်ယူမိပါတယ်။ ဂုဏ်ပြုခံစာရင်းမှာပါဝင်နိုင် တယ်ဆိုတာက ကျွန်တော့အတွက် ထူးရှယ်ဖြစ်သလို ကြီးမားတဲ့အသိအမှတ်ပြုမှုပါ”ဟု လက်ရှိဒါဘီကောင်တီ နည်းပြ ရွန်းနီက ပြောသည်။

အသက် ၃၆ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းသည် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၈ ဂိုး ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အာဆင်နယ်ဟီးရိုး ဗီအဲရာ(၄၅ နှစ်) သည်လည်း တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်ဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ သော ၂၀၀၃-၂၀၀၄ အာဆင်နယ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နိုင်ခဲ့သူဖြစ်သည်။

လက်ရှိခရစ္စတယ်ပဲလေ့စ်နည်းပြ ဗီအဲရာက “ပရီးမီးယားလိဂ်ဂုဏ်ပြုခံပုဂ္ဂိုလ်စာရင်းထဲ ပါဝင်ခွင့်ရခြင်းဆိုတာက တကယ့်ကိုထူးထူးကဲကဲအောင်မြင်တစ်ရပ်ဖြစ်တယ်။ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားဖြစ်ဖို့ဆိုတာက ကျွန်တော်တို့တွေးထားတာထက်အများကြီးခက်ခဲပါတယ်။ သီယာရီ အွန်နရီတို့၊ ဒင်းနစ်ခ်ဘားကမ့်တို့လို ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့တာကလည်း ကျွန်တော်အတွက် ကံကောင်းခြင်းတစ်ရပ်ပါ။ နောက်လာမယ့်မျိုးဆက်သစ် ကွင်းလယ်ကစားသမားတွေ အနေနဲ့ သူတို့ ဘယ်လိုဘယ်ပုံစံကစားရမလဲဆိုတာကို စံနမူနာအဖြစ် နာမည်တပ်ဖော်ပြခံရတာက အမှန်တကယ်ပျော်ရွှင်ဝမ်း သာမိတဲ့အချက်ဖြစ်ပါတယ်”ဟု ပြောကြားသည်။

#မန်ချက်စတာယူနိုက်တက် #ရွန်းနီ #ဗီအဲရာ