ရှေ့သို့
Image

စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း အေဘရာဟမ်ကို ရီစီဂျိမ်းစ် ချီးကျူး

2:43 PM, 23 March

ရီစီဂျိမ်းစ်က အသင်းဖော်ဟောင်း အေဘရာဟမ်တစ်ယောက် ရိုးမားအသင်းမှာ စံချိန်တင်နေတာနဲ့ ပတ်သက်ပြီး ချီးကျူးပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက  ချဲလ်ဆီးကနေ ပေါင် ၃၄ သန်းနဲ့ ရိုးမားအသင်းထံံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ရိုးမားအသင်းနဲ့ ပွဲဦးထွက်ရာသီမှာ သွင်းဂိုး စံချိန်တင်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းညာနောက်ခံလူ ဂျိမ်းက လာဇီယိုကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အောင်ပွဲခံခဲ့တဲ့ အေဘရာဟမ်ရဲ့ပုံမှာ သွားရောက်ချီးကျူးခဲ့ပါတယယ်။

“အချက်အလက်တွေက မလိမ်ပါဘူး။ လေးစားပါတယ်”လို့ တင်ခဲ့ပါတယ်။ အေဘရာဟမ်ဟာ စီးရီးအေမှာ ဆက်တိုက်ခြေစွမ်းပြနေပြီး ဒါဘီပွဲမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ယခင်က အာဂျင်တီးနားစတား ၂ ဦးဖြစ်တဲ့ ဘာတစ်တူတာနဲ့ မွန်တယ်လာတို့က ပွဲဦးထွက်ရာသီမှာ ၂၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အခုအသက် ၂၄ နှစ်သားက ၂၃ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက စွမ်းဆောင်ရည်ကောင်းတွေကြောင့် အေဘရာဟမ်တစ်ယောက် အင်္ဂလန်အသင်းအတွက် ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဂျိမ်းလည်း ကနဦးက ပါဝင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပါတယ်။ အဲ့နောက် အခုလအစောပိုင်းတုန်းက ဘန်လေကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်ခဲ့ပါတယ်။

#ချဲလ်ဆီး #ရီစီဂျိမ်းစ် #အေဘရာဟမ်