ရှေ့သို့
Image

နေမာဟာ သမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမား၁ဦးဖြစ်တယ်လို့ အီလီယော့ဆို

2:36 PM, 23 March

လီဗာပူးတောင်ပံကစားသမား ဟာဗေး အီလီယော့က ပီအက်စ်ဂျီကြယ်ပွင့် နေမာကို ဘောလုံးသမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမား၁ဦးအဖြစ် ချီးကျူးသွားခဲ့ပါတယ်။

Goalက ပေးအပ်တဲ့ NXGNဆုပေးပွဲမှာ အဆင့်၅နေရာ ရခဲ့တဲ့ ၁၈နှစ်သားက နေမာဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ အီလီယော့ဟာ Neymar:The perfect Chaosဆိုတဲ့ ရုပ်သံမှတ်တမ်းကိုကြည့်ပြီး အသက်၃၀အရွယ် ကစားသမားထံကနေ သင်ယူနေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အီလီယော့က “နေမာက ကျွန်တော် စံပြပုဂ္ဂိုလ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော် သူ့ရဲ့ documentaryကို ကြည့်ခဲ့ပြီး သူ ဘယ်ကလာတယ်ဆိုတာ ဘယ်လိုတွေ ဒီနေ့ ကစားသမားဟောင်းဖြစ်အောင် ကြိုးစားခဲ့ရတယ်ဆိုတာကို ကြည့်ခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ သူက သမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမား၁ယောက်ပါ”လို့ ပြောခဲ့ပါတယ်။

အလားအလာအရှိဆုံး လူငယ်တစ်ဦး ဖြစ်တာနဲ့အညီ အီလီယော့ကို နည်းပြ ဂျာဂင် ကလော့ပ်က အမြဲပွေ့ဖက်လေ့ ရှိပါတယ်။

ကလော့ပ် ပွေ့ဖက်ချိန် နာလားလို့ မေးတဲ့အခါ အီလီယော့က “မနာပါဘူးဗျာ။ သူက နွေးထွေးမှုတွေ အများကြီ ယူဆောင်လာပေးပါတယ်။ သူက ဖခင်တစ်ဦးလို ဖြစ်ပြီး သူ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေကို ဆက်ဆံတဲ့ ပုံစံကို ခင်ဗျားတို့လည်း မြင်နိုင်ပါတယ်”“သူက နည်းပြရာထူးအတွက် အဖြစ်သင့်ဆုံးသူ၁ဦးဖြစ်ပြီး သင်ယူစရာ အကောင်းဆုံးသူ၁ဦးဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#လီဗာပူး #ပီအက်စ်ဂျီ #နေမာ #အီလီယော့