ရှေ့သို့
Image

ရိုးမားကို ပြောင်းရွှေ့ရတာကို အစကသံသယရှိခဲ့ပေမဲ့ အခုတော့ မော်ရင်ဟိုကြီးကြောင့် သဘောကျနေပြီဆိုတဲ့ အေဘရာဟမ်

1:24 PM, 23 March

အေဘရာဟမ်ဟာ ရိုးမားကို စပြောင်းရတုန်းက ဘယ်လိုတွေးထားမိတာနဲ့ အခုတော့ ရောမရဲ့ဦးလေးကြီး မော်ရင်ဟိုကြောင့် ဘယ်လောက်သဘောကျနေပြီ မော်ရင်ဟိုကို အမြဲဘယ်လောက်လေးစားနေရပြီဖြစ်ကြောင်း ပြောကြားလာပါတယ်။

ချဲလ်ဆီးမှာ ၆ နှစ်ကြာ ကစားပြီးတဲ့နောက်မှာတော့ အေဘရာဟမ်ဟာ ရိုမား အသင်းဆီ ပြောင်းရွှေ့ကြေး ယူရိုဒေါ်လာ ၃၄ သန်း(ကန်ဒေါ်လာ ၄၅သန်း) နဲ့ ငါးနှစ်စာချုပ်နဲ့အတူ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီ ၂၄ နှစ်အရွယ် ကစားသမားဟာ အီတလီ ပွဲဦးထွက်ရာသီတည်းက မျက်နှာပန်းလှခဲ့တာဖြစ်ပြီး အခုအခါမှာတော့ သူဟာ အစတုန်းက အီတလီကို ပြောင်းရွှေ့ရတာကို သိပ်သဘောမတွေ့ခဲ့ဘူးလို့ဆိုပါတယ်။

သို့သော်ရိုးမားက “သူ့အပေါ်ထားတဲ့ယုံကြည်မှုကို သိရှိပြီးနောက်မှာတော့ သူ့စိတ် ဘယ်လိုပြောင်းလဲသွားခဲ့လဲဆိုတာကို CBS အားကစားသတင်းကို ဒီလိုပဲပြောကြားသွားပါတယ်။ ကျွန်တော့်ကို သူတို့စစချင်း စာချုပ်စချုပ်တုန်းက ဒါကျွန်တော့်အတွက် မဟုတ်ဘူးလို့ကျွန်တော်တွေးခဲ့တာဗျ။ ဒါပေမဲ့ နောက်တော့ သူတို့ ဘယ်လိုရည်ရွယ်ထားကြောင်းရှင်းပြတဲ့အခါ ကျွန်တော့်အပေါ်ဘယ်လောက်တောင်ပုံအပ်ထားပြီး ဘယ်လောက်တန်ဖိုးထားလဲပြတဲ့အခါ တတ်နိုင်သမျှ အစွမ်းကုန်ကို ကြိုးစားချင်တော့တာပဲဗျ။ ကျွန်တော် ဒီကိုရောက်ရောက်ချင်း ဒီနေရာကိုသဘောကျသွားတယ်လို့ ပြောပါတယ်” လို့ပြောပါတယ်။

အေဘရာဟမ်ကို အီတလီမှာကစားရတာ အဆင်ပြေစေတဲ့အထဲမှာ ရိုးမားနည်းပြမော်ရင်ဟိုကလည်း အဓိကနေရာက ပါဝင်နေပါတယ်။ ပေါ်တူဂီလူမျိုးဒီနည်းပြဟာ အေဗရာဟင်နဲ့အတူ ချဲလ်ဆီးအသင်းမှာ ၂၀၁၃ မှ ၂၀၁၅ ကြားအတူတွဲလုပ်ခဲ့ဖူးတာဖြစ်ပြီး နည်းပြကြီးဟာ အေဘရာဟမ်ကိုခေါ်ယူဖို့ကို အဓိက ဦးစားပေးခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က လာဇီယိုအသင်းနဲ့ရောမဒါဘီအသင်းမှာ အနိုင်ရရှိအောင် တစ်ဂိုးသွင်းပေးခဲ့သလို ပွဲ ၄၀မှာ ၂၃ ဂိုး သွင်းယူတဲ့အထိ နည်းပြကြီးအတွက် စွမ်းဆောင်ပေးထားပါတယ်။

မော်ရင်ဟာလက်အောက်မှာကစားရတာ ဘယ်လိုနေလဲမေးတဲ့အခါမှာလည်း “ကျွန်တော် သူ့ကိုအခုထိ အတုယူရမယ့်ပုဂ္ဂိုလ်တစ်ယောက်လို သဘောထားတယ်ဗျ။ သူ့ကို မပြောပြမိပေမဲ့ အခုထိ သူ့ကိုတွေ့မိတဲ့ အခါတိုင်းလည်း သူ့အမြဲနေ့တိုင်းကို အားကျနေရဆဲပဲဗျ။ သူချဲလ်ဆီးမှာတုန်းက ကျွန်တော်က ငယ်ငယ်လေးရှိသေးတာဗျ။ အဲတုန်းက သူနဲ့နည်းနည်းကစားခဲ့ဖူးလို့ သူ့အကြောင်းနည်းနည်းပဲသိခဲ့ပေမဲ့ အခုတော့ ဒီရောက်တည်းက သူ့ကို ရောမဦးလေးကြီးလို့ ခေါ်နေမိပြီဗျ”လို့လည်း အင်္ဂလန် လက်ရွေးစင်ကစားသမားက ဆိုပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို #အေဘရာဟမ်