ရှေ့သို့
Image

ယူနိုက်တက်နဲ့ အင်တာဗျူး ပြုလုပ်ပြီးပြီဖြစ်တဲ့ အေဂျက်စ်နည်းပြ တန်ဟတ်

10:19 AM, 23 March

အေဂျက်စ်နည်းပြ အဲရစ်တန်ဟတ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာဗျူး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၅၂ နှစ်အရွယ် အေဂျက်စ်နည်းပြကြီးဟာ တနင်္လာနေ့က ယူနိုက်တက်နဲ့ စကားပြောခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ ယာယီနည်းပြ ရာ့ဖ်ရန်နစ်ရဲ့ နေရာကိုဆက်ခံဖို့အတွက် ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့က ယူနိုက်တက်သတင်းရင်းမြစ်က အသင်းဟာ တန်ဟတ်အပြင် ပိုချက်တီနို၊ လိုပက်တီဂူနဲ့ လူးဝစ်အင်းနရစ်တို့ကိုပါ အင်တာဗျူးလုပ်ခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

သောမတ်စ်တူချယ်ကတော့ အလားအလာမရှိတော့ပါဘူး။ တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက တော့တင်ဟမ်၊ နယူးကာဆယ်တို့နဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ယူနိုက်တက်ဟာ နောက်လမကုန်မီ ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားမှာဖြစ်ပြီး ရာသီမကုန်မီနည်းပြသစ်ကို ခန့်အပ်နိုင်ဖို့ကြိုးစားနေပါတယ်။ တန်ဟတ်ဟာ လက်တလောမှာ ယူနိုက်တက်နည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ခုလိုအင်တာဗျူးကိစ္စ အတည်ပြုမှုက သတင်းတွေကို ပိုပြီးကျယ်ပြန့်သွားစေပါတယ်။

ယူနိုက်တက်ရဲ့ နည်းပြသစ်ရှာဖွေမှု လုပ်ငန်းစဉ်တစ်ခုလုံး အားကစားဒါရိုက်တာ ဂျွန်မားတော့ဂျ်နဲ့ နည်းစနစ်ဒါရိုက်တာ ဒါရင်းဖလက်ချာတို့က ဒီလအစပိုင်းကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး နည်းပြစာရင်းထဲက နည်းပြတိုင်းနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ပိုချက်တီနိုကတော့ တန်ဟတ်နဲ့အတူ ရေပန်းအစားဆုံး နည်းပြဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ အာဂျင်တီးနားသားနည်းပြနဲ့ သတင်းတွေ တဖြည်းဖြည်း လျော့နည်းသွားပြီး တန်ဟတ်က ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်အေဂျက်စ်ကလည်း ဒီရာသီကုန်မှာ သူတို့ရဲ့နည်းပြဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ယူဆထားပါတယ်။ ယူနိုက်တက်ဟာ တန်ဟတ်ရဲ့အေးဂျင့်ဖြစ်တဲ့ ဗန်ပါစီကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်က အာဆင်နယ်ကနေ ယူနိုက်တက်ရောက်အောင် ညှိနှိုင်းပေးခဲ့တဲ့ နာမည်ကြီးအေးဂျင့် ကီးစ်ဗော့စ်နဲ့လည်း စကားပြောဖို့ရှိနေပါတယ်။

အေဂျက်စ်ဟာ တန်ဟတ်ရဲ့ လမ်းကြောင်းကို ပိတ်ပင်မှာမဟုတ်သလို အမှုဆောင်အရာရှိအက်ဒွင်ဗန်ဒါဆားနဲ့ ယူနိုက်တက်တို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်လည်း ခေါ်ယူဖို့လွယ်ကူနေပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်း ကျန်နေသေးတာကြောင့် ယူနိုက်တက်အနေနဲ့ လျော်ကြေးအဖြစ် ပေါင် ၄ သန်းခန့်တော့ သုံးစွဲရဖွယ်ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #အေဂျက်စ် #အဲရစ်တန်ဟက်ချ်