ရှေ့သို့
Image

မန်နေဂျာဘဝတွင် ဆုဖလားများစွာ အာတီတာ ဆွတ်ခူးလိမ့်မည်ဟု မာတီနယ်လီ ဟောကိန်းထုတ်

10:15 AM, 23 March

အာဆင်နယ်ကြယ်ပွင့် မာတီနယ်လီက နည်းပြအာတီတာဟာ အနာဂတ်တွင် ဆုဖလားပေါင်းများစွာ ဆွတ်ခူးသွားနိုင်မည်ဟု ယုံကြည်လျက် ရှိနေသည်။

အထူးသဖြင့် မာတီနယ်လီက ဒဏ်ရာပြဿနာများကြောင့် ပွဲထွက်မှာ ပါဝင်ဖို့ ရုန်းကန်နေခဲ့ရသော်လည်း အာတီတာက ၎င်းအား များစွာ ကူညီဖေးမပေးခဲ့ကာ နောက်ပိုင်းတွင် ခြေစွမ်းပြသမှုတွေကြောင့် ဘရာဇီးအသင်းမှာတောင် ရွေးချယ်ခံခဲ့ရပြီ ဖြစ်ပါတယ်။ အသက်၂၀အရွယ် တိုက်စစ်မှူးဟာ ချီလီ၊ ဘိုလီဗီယားတို့နဲ့ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘရာဇီးအသင်းမှာ ပါဝင်လာခဲ့ပါတယ်။

“ကျွန်တော် ဒဏ်ရာရတုန်းက အာတီတာက ဖေးမကူညီခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ကို အကြံဉာဏ်တွေ ပေးတတ်တဲ့ မော်ဒယ်ဘောလုံးလောကကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားတတ်တဲ့ နည်းပြကောင်းတစ်ဦးပါပဲ။ သူဟာ လူကောင်းတစ်ဦးလည်း ဖြစ်ပြီး လူတွေကို အမြဲတမ်းကောင်းမွန်စွာ ဆက်ဆံတတ်ပါတယ်။ အာတီတာက ဘောလုံးသမိုင်းမှာ တစ်ချို့နည်းပြတွေနည်းတူ ဆုဖလားတွေများစွာ ဆွတ်ခူးနိုင်မယ့် သူတစ်ယောက်ဖြစ်လာမယ်လို့ ခံစားရတယ်”ဟု မာတီနယ်လီက ပြောသည်။

၁၀ပွဲကစားဖို့ကျန်ရှိနေချိန်တွင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်တွင် အဆင့်၄နေရာမှာ တည်ရှိနေပြီး ၅နှစ်ကြာ ဥရောပဝင်ခွင့်နဲ့ လွဲချော်နေတဲ့ ချန်ပီယံလိဂ်နေရာကို ပြန်လည်သိမ်းပိုက်ရန် အလားအလာကောင်းလာပါတယ်။

“အာဆင်နယ်က ဆုဖလားတွေ နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဘဲ ပြိုင်ပွဲစုံမှာ အမြဲတမ်း ယှဉ်ပြိုင်ကစားပါတယ်။ ကျွန်တော်တို့နှစ်အနည်းငယ်ခန့် ဆုဖလားတွေ မရခဲ့ပါဘူး ဒါပေမဲ့ ကျွန်တော်တို့ဒါတွေကို လက်ရှိတွင် နောက်မှာ ချန်ထားခဲ့ပါပြီ။ လာမယ့်နှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးရှိပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့တိုက်ပွဲဝင်ရမှာပါ။ ကလပ်အတွက်လည်း အဓိကရည်မှန်းချက်တစ်ခု ဖြစ်တယ်။ ဒါကို လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်တယ်။ အာဆင်နယ်အသင်းက ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေနဲ့ဘဲ ကလပ်ကို ပြောင်းလဲပြင်ဆင်မှု လုပ်ပြီး ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့လူငယ်တွေက ဒီအချက် သယ်ဆောင်ပြီး ရှေ့ဆက်ကစားကြပါမယ် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာလည်း ကျွန်တော်တို့ရှိနေပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

မာတီနယ်လီဟာ ယခုနှစ်အတွင်း ပရီးမီးယားလိဂ် ၁၅ပွဲမှာ ၅ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဘာစီလိုနာ အသင်းသို့ အူဘာမီယန်း ရောက်ရှိသွားပြီးနောက် ဘယ်ခြမ်းနေရာတွင် ပုံမှန်ပွဲထွက်ကစားလျက် ရှိပါတယ်။

#အာတီတာ #အာဆင်နယ် #မာတီနယ်လီ