ရှေ့သို့
Image

ကစားကွက်နဲ့ အဆင်မပြေတာကြောင့် နွေရာသီမှာ ချဲလ်ဆီးမှ ထွက်နိုင်ခြေရှိနေတဲ့ လူကာကူ

3:42 PM, 22 March

ချဲလ်ဆီးတိုက်စစ်မှူးလူကာကူဟာ အသင်းမှာ မပျော်တော့ပါဘူး။ ဘယ်လ်ဂျီယံလူမျိုး ဒီကစားသမားဟာ မန်ယူအသင်းမှထွက်လာပြီး အီတလီစီးရီးအေမှ အင်တာမီလန်အသင်းမှာ ကစားရပြီးနောက်  ပရီးမီးယားလိဂ်မှာပဲ ပြန်လည်ကစားချင်ခဲ့တာပါ။

အီတလီဖလားကို ရပြီးတဲ့နောက်မှာတော့ သူဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေးယူရို ၉၇ သန်းနဲ့ လွန်ခဲ့တဲ့နွေရာသီက ပြောင်းရွှေ့လာခဲ့တာပါ။ သူဟာ သူ့ရဲ့အသင်းသစ်မှာ စတင်ရုန်းကန်နေခဲ့ရတာဖြစ်ပြီး တစ်ချို့ပွဲစဉ်တွေမှာကို ဂရုမဲ့ခံရတဲ့ထိကို ဖြစ်နေခဲ့တာပါ။

ဖွတ်ဘောအင်ဆိုက်ဒါသတင်းကြောင့်သိရတာကတော့ လူကာကူဟာ ဒီနွေမှာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်ထားတယ်ဆိုတာကိုပဲဖြစ်ပါတယ်။ သူဟာ သူ့ရဲ့စွမ်းပကားကို အဆုံးစွန်ထိ အသုံးချမယ့်အသင်းမှာ နေလိုပြီး ချဲလ်ဆီးရဲ့ပုံစံဟာ သူရဲ့အကောင်းဆုံးကို မဖော်ဆောင်ပေးနိုင်ဘူးလို့ ခံစားနေရပါတယ်။

#ချဲလ်ဆီး #လူကာကူ