ရှေ့သို့
Image

အီဂျစ်အသင်းအနေနဲ့ ဆီနီဂေါနဲ့ပွဲမှာ သနားညှာတာနေမှာမဟုတ်ဘူးလို့ ကွီရော့ဇ်ဆို

2:05 PM, 22 March

အီဂျစ်နည်းပြကွီရော့ဇ်ဟာ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားမှာကန်ရမယ့် ဆီနီဂေါနဲ့ပွဲအတွက် သူ့ကစားသမားတွေကို အားစိုက်ခိုင်းနေပါတယ်။

မြောက်အာဖရိကအသင်းဟာ  ၂၀၂၁ အာဖရိကဖလားဖိုင်နယ်တုန်းက မိနစ် ၁၂၀ ကစားပြီးနောက် ပင်နယ်တီမှာ ၄-၂ နဲ့ရှုံးသွားတဲ့ ဆီနီဂေါအသင်းကို တစ်ကျော့ပြန် အနိုင်ယူဖို့ အားစိုက်နေပုံပါ။ ကာတာမှာ နေရာရဖို့ မျှော်လင့်ထားတဲ့အတွက် သောကြာနေ့ ကိုင်ရိုကွင်းမှာကစားမယ့် ပထမပွဲစဉ်မှာ အသားကုန်ရုန်းကြဖို့ ကွီရော့်ဇ်အနေနဲ့ သူအသင်းသားတွေကို ပြောနေတာဖြစ်ပါတယ်။

ကံမကောင်းအကြောင်းမလှချင်တော့ ဒီပေါ်တူဂီနည်းပြဟောင်းဟာ အာဖရိကဖလားပွဲမှာ အနီကတ်ထိထားတာကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ်ခံထားရပါတယ်။ သူဟာ ကမ်မရွန်နဲ့ ဆီမီးဖိုင်နယ်အနိုင်ပွဲတုန်းက ပွဲပယ်ပြစ်ဒဏ်ခံထားရတာမလို့ ဆီနီဂေါကို ရှုံးသွားတဲ့ပွဲကို ပွဲကြည့်စဉ်ကနေ ကြည့်ခဲ့ရတာဖြစ်ပါတယ်။

“ပြန်ချေပရမယ့် အချိန်ရောက်ပြီ။ ဒီအခွင့်အရေးကို ရဖို့တော်တော်ကို စောင့်လိုက်ရတာ”လို့ ကွီရော့ဇ်က တွစ်တာမှာ တွစ်ထားခဲ့ပါတယ်။“ကျွန်တော်တို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကို ကျွန်တော်တို့ သိပါတယ်။ မနက်ဖြန်ကျရင် လုံးဝကို ငဲ့ညှာနေစရာ အကြောင်းမရှိပါဘူး။ ရဲရင့်မှုရယ်၊ အသင်းရဲ့ဉာဏ်ရည်ဉာဏ်သွေးရယ် ဂုဏ်သိက္ခာတွေနဲ့ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ကျွန်တော်တို့လုပ်ရတော့မယ်ဆိုရင် ပုံစံအပြည့် ရဲရင့်မှု အပြည့်နဲ့လုပ်ကြတော့မယ်ဆိုရင် မဖြစ်နိုင်တာကိုတောင် ဖြစ်အောင် လုပ်နိုင်ပါတယ်။ မင်းတို့ကို ယုံကြည်အားကိုးနေပါတယ် ငါ့ကောင်တို့”လို့လည်း ရေးသားသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း ဆီနီဂေါနည်းပြဟာ သူတို့ဟာ အီဂျစ်အသင်းနဲ့ အရမ်းကြီးယှဉ်ပြိုင်နိုင်မယ့် အသင်းမဟုတ်ပေမဲ့ ကမ္ဘာ့ဖလားရဖို့အရည်အသွေး ပြည့်မီအောင် ယှဉ်ပြိုင်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ #အီဂျစ် #ကွီရော့ဇ်