ရှေ့သို့
Image

အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်လာတဲ့ ဝက်ကင်းစ်

1:40 PM, 22 March

အက်စ်တွန်ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်းစ်ဟာ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်အသင်းတို့နဲ့ကစားမယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်လာပါတယ်။

ဝက်ကင်းစ်ဟာ အင်္ဂလန်အတွက် ၅ ပွဲ ပါဝင်ကစားထားပြီးဖြစ်ကာ ၁ ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းတွေအရ ဝက်ကင်းစ်ဟာ လာမယ့် ၈ ရက်အတွင်း အခွင့်အရေးရဖွယ်ရှိနေပါတယ်။ ဝက်ကင်းစ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဆောက်ဂိတ်ရဲ့ ၂၅ ယောက်စာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်သားဟာ စနေနေ့က အာဆင်နယ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် ရလဒ်ကတော့ စိတ်ပျက်စရာဖြစ်ခဲ့ကာ အခုအင်္ဂလန်အသင်း လူစာရင်းမှ ပါဝင်လာခဲ့ပါတယ်။ ဝက်ကင်းစ်ဟာ ဒီရာသီ ဗီလာအတွက် ၂၇ ပွဲပါဝင်ကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ အင်္ဂါနေ့မှာ အသင်းသားတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ပဲလေ့စ်စတား မစ်ချယ်လည်း ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

#အာဆင်နယ် #အက်စတွန်ဗီလာ #ဝက်ကင်းစ်