ရှေ့သို့
Image

ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်ခင် ကစားသမားများ ခြေစွမ်းပျက်နေသော်လည်း စိုးရိမ်မှုမရှိဟု မန်ချီနီဆို

9:38 AM, 22 March

သူ့အသင်းကစားသမားတွေ ပုံစံပျက်နေပေမဲ့လို့ ကမ္ဘာ့ဖလားအတွက် အီတလီအသင်းအဆင့်မမီမှာကို စိတ်မပူဘူးလို့ မန်ချီနီက ဆိုပါတယ်။ အီတလီတွေဟာ ခြေစစ်ပွဲနှစ်ပွဲနိုင်တာနဲ့ ကမ္ဘာ့ဖလားအရည်အချင်းစစ်ပွဲ ပြည့်မီမှာဖြစ်ပါတယ်။

၂၀၂၀ ဥရောပဖလားချန်ပီယံတွေဟာ မတ်လ ၂၄ ရက်နေ့မှာ မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့တွေ့ရမှာဖြစ်ပြီး နောက်ထပ်အရည်အချင်းစစ်ပွဲမှာတော့ ပေါ်တူဂီ သို့ တူရကီအသင်းနဲ့တွေ့ရမှာဖြစ်ပါတယ်။ အင်ဆစ်ဂ်နီ၊ ဘာရယ်လာ၊ ချီရယ်လီနီ နဲ့ ဒွန်နာရမ်မာတို့ရဲ့ လက်ရှိ ခြေစွမ်းကြောင့် အသင်းက ဒုက္ခရောက်နိုင်ခြေ ရှိနေတာပါ။

ကစားသမားတွေနဲ့ ခြေစွမ်းနဲ့ပက်သက်ပြီး မန်ချီနီကိုမေးတဲ့အခါ “ကျွန်တော် မစိုးရိမ်ပါဘူး။ နိုင်ငံအသင်းထဲမှာ အင်ဆစ်ဂ်နီနဲ့ ဘာရယ်လာကတော့ သေချာလေး ကစားနိုင်တယ်ဗျ။ ရာသီထဲမှာ ဘယ်တော့မှ ရာနှုန်းပြည့် မသေချာတဲ့ အချိန်တွေဆိုတာ ရှိတယ်ဗျ။ ချီရယ်လီနီကလည်း ခံစားချက်ကောင်းနေတယ်ဗျ။ သူနည်းနည်းပဲ ကစားထားတာလည်း ကောင်းပါတယ်။ သူ နှစ်ပွဲလုံးတော့ ကစားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အတူတူ စကားပြောပြီး ဆုံးဖြတ်လို့ရပါတယ်။ သူ့အခြေအနေကို သူသိပါတယ်။ သူနှစ်ပွဲလုံး ကစားနိုင်ရင်လည်း ကျွန်တော့်ကို ငါးရက်အတွင်း ပြောပါလိမ့်မယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒွန်နာရမ်မာရဲ့ ပီအက်စ်ဂျီအသင်းက ခြေစွမ်းက သူ့ကို စိုးရိမ်စေလား မေးတဲ့အခါမှာလည်း “သူ့ကို ကျွန်တော်တို့မှာမရှိတာထက် ရှိတာက ပိုကောင်းတာပါ။ ကျွန်တော်ဘာလို့ ဒီလောက်တောင်ဖြစ်နေတာလဲဆိုတော့ သူတို့ဟာ ကျွန်တော်တို့အသင်းကို ဘယ်သူမှ မယုံကြည်တဲ့အချိန်မှာတောင် ၂၀၂၀ ဥရောပဖလား ရအောင်ယူပေးခဲ့တဲ့ ကစားသမားတွေပါ။ ကျွန်တော်တို့လုပ်ရမှာဆိုလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုပြည့်ဝအောင်လုပ်ဖို့ပါပဲ။ အသင်းဟာခိုင်မာကြံ့ခိုင် အရည်အသွေးပြည့်ဝပြီးသားပါ”လို့လည်းပြောပါတယ်။

အီတလီနည်းပြဖြစ်သူဟာ ဒုတိယမြောက်ဖလားကို နှစ်ကြိမ်ဆက်တိုက်အနိုင်ရဖို့လည်း မျှော်လင့်နေတာပါ။ အီတလီအသင်းဟာ ၂၀၂၀ ဥရောပဖလားတုန်း အင်္ဂလန်အသင်းကို အနိုင်ယူပြီး ဖလားရယူထားတာဖြစ်ပြီး နည်းပြဖြစ်သူကတော့ သူ့အသင်းဟာ ဒီနှစ်မှာလည်း ဖလားထပ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့ရည်ရွယ်ချက်ချက်ကတော့ ကမ္ဘာ့ဖလားကို အရယူဖို့ပါ။ အဲလိုဖြစ်ဖို့အတွက် ဒီခြေစစ်ပွဲနှစ်ပွဲကို အနိုင်ယူရပါမယ်။ ပြီးရင်တော့ ကမ္ဘာ့ဖလားကို အရယူချင်ပါတယ်” လို့လည်း သူကပြောပါတယ်။

#အီတလီ #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မန်ချီနီ