ရှေ့သို့
Image

နောက်ရာသီ ဒိုင်ဘားလား ဂျူဗင်တပ်စ်မှာ ဆက်ရှိမလားဆိုတာ မိမိသေချာမသိကြောင်း အယ်လီဂရီ ပြောကြား

12:55 PM, 21 March

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အင်တာမီလန်အသင်းကို လိုက်မီတော့မယ့်အကြောင်းပြောစဉ် လာမယ့်ရာသီမှာ ဒိုင်ဘားလားဆက်ရှိဖု့ိဆိုတာ မိမိသေချာမသိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ဆလာနီတာနာကို ဒိုင်ဘားလား၊ ဗလာဟိုဗစ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းလာခဲ့ပါတယ်။ ဒိုင်ဘားလားက ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

“ပေါ်လိုတင်မဟုတ် ကစားသမားအားလုံး ကောင်းခဲ့ပါတယ်။ ပြောင်းလဲမှုတော့ အနည်းငယ်ရှိခဲ့ပါတယ်။ ကစားသမားတွေကောင်းတာကို ကျွန်တော်ကြိုက်ပါတယ်။ ပေါ်လိုက ပါလာမိုကနေ ကလေးတစ်ယောက်အနေနဲ့ ရောက်လာတာပါ။ သူက ထိပ်တန်းကစားသမားဖြစ်လာပါတယ်။ အဲ့တာက ပြဿနာမဟုတ်ပါဘူး။  ဒိုင်ဘားလား အသင်းမှာ လာမယ့်ရာသီ ဆက်ရှိမလား မရှိဘူးလားဆိုတာ သေချာမသိပါဘူး။ ကျွန်တော်တို့ စကားပြောမှုတွေ လုပ်ပါတယ်။ ပေါ်လိုတင်မဟုတ်ပဲ ဘာနာဒက်ချီ ၊ ဒီဆစ်ဂလီယာလို ၊ ပီရင် နဲ့ ကွာဒရာဒိုတို့ကိုလည်း စာချုပ်သစ်ဆွေးနွေးနေပါတယ်။ ကျွန်တော်အလုပ်က ရာသီရဲ့ဖိုင်နယ်ရက်သတ္တပတ်တွေကို ကောင်းကောင်းလုပ်ဖို့ပါ။ ကျွန်တော်ကစားသမားတွေကို တန်ဖိုးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် စာချုပ်ကိစ္စ ၊ ကစားသမားလိုချင်တာနဲ့ အခြားကိစ္စတွေကိုကောပါ”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

“ရော်နယ်ဒိုက အပြောင်းအရွှေ့နောက်ဆုံးမတိုင်ခင် ၃ ရက်က ထွက်ခွာခဲ့တာပါ။ ကျွန်တော်ဒီမှာ ၆ ပတ်ပဲရှိပါသေးတယ်။ ကျွန်တော်အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဒီရာသီမှာက အရေးကြီးပါတယ်။ ကျွန်တော်တို့ စီးရီးအေ နဲ့ ကိုပါအီတာလီယာဖလား လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကက အင်တာနဲ့ ၁ မှတ်ပဲ ကွာဟတော့တာဖြစ်ကာ အင်တာက ၁ ပွဲလက်ထဲကျန်နေပြီး နာပိုလီ နဲ့ ၄ မှတ်ကွာဟနေပါတယ်။

“ကျွန်တော်တို့ တက်တက်ကြွကြွစတင်ခဲ့ပါတယ်။ တင်းမာမှုတွေလည်းဖြစ်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ နည်းနည်းမောပန်းနေပါတယ်။ ပြီးတော့တတိယဂိုးသွင်းယူနိုင်ပါသေးတယ်။ အရေးအကြီးဆုံးအရာက ကျွန်တော်တို့ နိုင်ပွဲရဖို့ပါ။ အခုဆို ကျွန်တော်တို့ ဒုတိယနေရာနဲ့ ၄ မှတ်အကွာကို ရောက်လာပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ကျွန်တော့်ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝဖို့ မျှော်လင့်ပါတယ်။ ဗလာဟိုဗစ်က ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူက လက်ကျန်ရာသီမှာ ထောက်ခံမှုတွေလိုအပ်ပါတယ်”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #အင်တာမီလန် #ဂျူဗင်တပ်စ် #အယ်လီဂရီ #ဒိုင်ဘားလား