ရှေ့သို့
Image

အက်ဖ်အေ ဆီမီးဖိုင်နယ်တွင် မန်စီတီးနှင့် တွေ့ဆုံသည့်အပေါ် ကလော့ပ် မှတ်ချက်ပြု

12:50 PM, 21 March

ယမန်နေ့ညပိုင်းက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်မွဲခွဲမှုတွင် မန်စီတီးနှင့် လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ရန်အတွဲ ကျခဲ့ရာ ၎င်းတို့နှစ်သင်းသည် ဧပြီလတွင် ခြောက်ရက်အတွင်း နှစ်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပတ်ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် စိန့်မေရီကွင်း၌ ဆောက်သမ်တန်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သ လို ကလော့ပ်၏ လီဗာပူးအသင်းကလည်း နော့တင်ဟမ်ဖောရက်စ်ကို ဂျိုတာ၏ သွင်းဂိုးဖြင့် ခက်ခက်ခဲခဲအနိုင်ရ ရှိကာ ဧပြီ ၁၆ ရက်၊ ဝင်ဘလေကွင်းကြီးတွင် ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်လာခဲ့သည်။

ပရီးမီးယားလိဂ်ချန်ပီယံတိုက်ပွဲဆင်နွဲှနေသည့် မန်စီတီးနှင့် လီဗာပူးအသင်းတို့သည် ဧပြီ ၁၀ ရက်တွင် မန်စီးတီး၏ အယ်လ်တီဟက်ကွင်းကြီးအတွင်း အမှတ်ပေးပွဲစဉ်အတွက် ယှဉ်ပြိုင်ပြီးကစားရမည်ဖြစ်ရာ ယခုလို လိဂ်ရဲ့ထိပ်သီးနှစ်သင်း တွေ့ဆုံသည့်အပေါ် ကလော့ပ်က လက်ခံနိုင်စရာဟု ယုံကြည်ထားကြောင်း ပြောသည်။

“စီးတီးလည်း ဒါကိုကြိုက်မှာမဟုတ်သလို ကျွန်တော်တို့လည်း ဒါကို မကြိုက်ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲပြီးဆုံးဖို့နီး လာတာနဲ့အမျှ မင်းတို့အနေနဲ့ စီးတီးနဲ့တွေ့ဆုံရနိုင်ခြေ ပိုများလာပါမယ်။ အကယ်၍ စီးတီးနဲ့ စောစောပိုင်းအဆင့်တွေ ရင်မဆိုင်ရရင်တောင်မှ ဆီမီးဖိုင်နယ်(သို့)ဗိုလ်လုပွဲတစ်ခုခုမှာ ယှဉ်ပြိုင်ရပါလိမ့်မယ်”“ ဒါက ပုံမှန်ပါပဲ။ ချဲလ်ဆီးနဲ့ဆိုရင်လည်း အတူတူပါပဲ။ မင်းအနေနဲ့ စီးတီးနဲ့ ချဲလ်ဆီးကို အပတ်စဉ်တိုင်းယှဉ်ပြိုင် ကစားချင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကို အရမ်းတောင့်တင်းခိုင်မာတဲ့အသင်းတွေ ဖြစ်နေလို့ပါ။ ကျွန်တော်တို့နဲ့ ကစားဖို့ဆိုတာကလည်း အမှန်တကယ်ပျော်ရွှင်မှုလို့ မထင်မိဘူး။ ဒါကပဲ ကျွန်တော်တို့မမေ့သင့်တဲ့အချက်တစ်ခုပါ”

“အခုကျွန်တော်တို့ သိထားရမှာက ဖလားပြိုင်ပွဲတိုင်းယှဉ်ပြိုင်နေမယ်ဆိုရင် တစ်ချိန်မဟုတ်တစ်ချိန် စီးတီးနဲ့ ရင်ဆိုင်ရနိုင်သလို စီးတီးကလည်း ကျွန်တော်တို့နဲ့ ရင်ဆိုင်ရနိုင်တာပါပဲ။ ကျွန်တော်တို့နှစ်သင်း ထိပ်တိုက်တွေ့ တာဟာ အိမ်မက်ဆန်တဲ့ မဲခွဲမှုလို့မရှုမြင်ဘူး။ ဒါပေမယ့် ဒါက ခက်ခဲကြမ်းတမ်းမယ့် ပွဲစဉ်တစ်ခု ဖြစ်သလို စီတီးအတွက်လည်း ခက်ခဲစေမယ်ဆိုတာသေချာအောင် ကျွန်တော်တို့လုပ်သွားရမှာပါ”“ကစားဖို့ ပွဲတွေတော်တော်များများရှိပါတယ်။ ဘင်ဖီကာ၊ မန်စီးတီး၊ ဘင်ဖီကာနဲ့ ဒုတိယအကျော့၊ မန်စီးတီးနဲ့ အက်ဖ်အေ ပွဲ၊ မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်တို့နဲ့ ကစားရပါမယ်”ဟု ယာဂန်ကလော့ပ်က ဆိုသည်။

ယခုနှစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မဲခွဲမှုအရ မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ တွေ့ဆုံခဲ့ပြီး အခြားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သော ခရစ္စတယ်ပဲလေ့စ်နှင့် ခြေစွမ်းတက်နေသည့် မစ်ဒယ်ဘရော့ကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သော ချဲလ်ဆီးအသင်းတို့ တွေ့ဆုံခဲ့ကြသည်။

#လီဗာပူး #မန်စီးတီး #ကလော့ပ် #အက်ဖ်အေဖလား