ရှေ့သို့
Image

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မဲခွဲမှုမှာ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့နေ

9:21 AM, 21 March

မန်စီးတီးအသင်းဟာ လာမယ့်လ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ပွဲကြီးပွဲကောင်း ကစားရမှာ ဖြစ်ပြီး ချဲလ်ဆီးကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရဖို့ ရှိနေပါတယ်။ လီဗာပူး အသင်းဟာ ယမန်နေ့ညက နော်တင်ဟမ်ဖောရက်စ်ကို ကျဉ်းမြောင်းတဲ့ရလဒ်၁ခုနဲ့ နိုင်ခဲ့ပြီးနောက်  ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးအသင်းတွေဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အပြင် အက်ဖ်အေဖလား လမ်းကြောင်းပေါ်မှာပါ ရှိနေပြီး ဖလား ၃ လုံး လမ်းကြောင်းပေါ် ရောက်နေခဲ့တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်လ ၁၆၊ ၁၇ ရက်တွေမှာ ယှဉ်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။

အဆိုပါပွဲစဉ်တွေကို ဝင်ဘာလေကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး လီဗာပူးနဲ့ ချဲလ်ဆီးတို့ကတော့ ၃လ အတွင်း ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ရင်ဆိုင်အပြီး ဒုတိယအကြိမ်အဖြစ်  ဝင်ဘာလေကွင်းကို ပြန်လာကြမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်က တက်လာတဲ့ အသင်း၂သင်း အနေနဲ့ မေလ ၁၄ရက်နေ့ ဝင်ဘာလေကွင်းကို ပြန်လာပြီး ဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

#လီဗာပူး #မန်စီးတီး #အက်ဖ်အေဖလား