ရှေ့သို့
Image

ဂျူဗင်တပ် ချန်ပီယံလိဂ်က ထွက်ခဲ့ရလို့ စာနယ်ဇင်းသမား‌‌တွေအတွက် စိတ်မကောင်းပါဘူး အယ်လီဂရီ ဆို

12:39 PM, 20 March

ဂျူဗင်တပ်နည်းပြအယ်လီဂရီကတော့ သူတို့အသင်းအနေနဲ့ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရလို့ စိတ်ပျက်မိတယ်လို့ဆိုလိုက်ပြီး အဲ့ဒါကြောင့် တခြားနိုင်ငံကို ခရီးမသွားရတော့ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ဟာသအနေနဲ့ ပြောလိုက်ပါတယ်။ 


ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဗီလာရီးရဲကို အဝေးကွင်းမှာ ၁-၁ ဆိုတဲ့ သရေ ရလဒ် ၊ အိမ်ကွင်းမှာ ဝ-၃ ဆိုတဲ့ ရလဒ်နဲ့ နှစ်‌‌ကျော့ပေါင်း ရလဒ် ၄-၁ နဲ့ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပါတယ်။ နည်းပြဟာ ယခုနှစ် ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရခြင်းအပေါ် စိတ်ပျက်ခဲ့ပေမယ့် သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းသမားတွေကို 


"ကျွန်တော်တို့ ခင်ဗျားတို့အတွက်လဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ခင်ဗျားတို့လဲပဲ ထွက်ရတာပဲ မဟုတ်ဘူးလား။ "


"မြူးနစ်တို့ မက်ဒရစ်တို့မှာ အပြင်ထွက်ရတာ သဘောကျကြတယ်မလား။အဲ့ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားတို့အတွက်လဲ စိတ်မကောင်း ဖြစ်မိပါတယ်။ "


လို့ အယ်လီဂရီက ပြောသွားခဲ့ပါတယ်။ 


#ဂျူဗင်တပ်စ် #ချန်ပီယံလိဂ် #အယ်လီဂရီ