ရှေ့သို့
Image

သူရင်ဆိုင်ရတဲ့ ကစားသမားထဲ ဗန်ဒိုက်က အမာကျောဆုံးပဲလို့ အိုလီဝစ်ကင်ပြော

11:55 AM, 20 March

FPL Show မှာ ဝစ်ကင်က သူရင်ဆိုင်ရတဲ့ ကစားထဲမှာ ဗန်ဒိုက်က အမာကြောဆုံးပဲလို့ ပြောကြားလိုက်ပါတယ်။ နယ်သာလန်သားဟာ တိုက်စစ်မှူးတွေအတွက် ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်ပြီး အကောင်းဆုံး ဗဟိုခံစစ်ကစားသမားလို့ သူ့ကို သတ်မှတ်ထားကြတာပါ။ 


PFA ဆုရှင်ဟောင်း ဗန်ဒိုက်ကို ဝစ်ကင်က အခုလိုပြောကြားလိုက်ပြီး အသက် ၃၀ အရွယ် နောက်ခံ ကစားသမားရဲ့ ခြေစွမ်းကို အခုလို ချီးကျူးခဲ့တာပါ။ ဗန်ဒိုက်နဲ့ ယှဉ်ပြေးလို့မရကြောင်း သူ့ရဲ့ အဟုန်ကို ဝစ်ကင်က ပြောခဲ့ပါတယ်။ 


ဝစ်ကင်က ဗန်ဒိုက်နဲ့ ပတ်သက်လို့ ဘာပြောခဲ့သလဲ ? 



"ဗန်ဒိုက်ဖြစ်ပါမယ်။ ကျွန်တော်ပြောတာ မနှစ်ကပါ။ သူက မြန်တယ် ၊ သန်မာတယ်။ သူက သူ့အ‌တွက် လုံလောက်တဲ့ နေရာတစ်ခုထားတယ် အဲ့ဒါကြောင့် သူ့ကို ဘယ်သူမှာမကျော်နိုင်ဘူး။ သူနဲ့ ယှဉ်ပြေးလို့မရဘူး။ ခင်ဗျားဘောလုံးရခဲ့ရင် သူ့အနားမသွားနဲ့။ "


ဆိုပြီး ဝစ်ကင်က ပြောခဲ့ပါတယ်။ 


အမာကြောဆုံးပြိုင်ဘက်လား? 


ဝစ်ကင်က ဗန်ဒိုက်ဟာ အမာကြောဆုံးနောက်ခံကစားသမားလို့ ပြောခဲ့ပါတယ်။ သူဘယ်ကလာသလဲဆိုတာလဲ ကျွန်တော်တို့ သိနိုင်ပါတယ်။ 

ဗန်ဒိုက်က တကယ်ကောင်းပါတယ်။ ဒါပေမယ့် ဝစ်ကင်ကတော့ သူအမှတ်နဲနဲ ယူချင်ပုံရပါတယ်။ 


ဗီလာပရိတ်သတ်တွေနဲ့ လီဗာပူးပရိတ်သတ်တွေကတော့ မနှစ်က ၇-၂ ဂိုးနဲ့ လီဗာပူးရှုံးခဲ့တဲ့ ပွဲကို မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ အဲ့ဒီပွဲမှာ ဝစ်ကင်က ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ထိုနေ့မှာတော့ ဗန်ဒိုက်ဟာ ဝစ်ကင်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဗန်ဒိုက်ဟာ ကောင်းပါတယ်။ အဲ့ဒီနေ့တုန်းကတော့ ဝစ်ကင်အတွက် လီဗာပူးနောက်တန်းကြားထဲမှာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ 


#လီဗာပူး #အက်စတွန်ဗီလာ #ဗန်ဒိုက် #ဝက်ကင်းစ်