ရှေ့သို့
Image

အာဆင်နယ်က ဗီလာကိုနိုင်တဲ့အပေါ် ပရီးမီးယားလိဂ်ဖလားရသလို အောင်ပွဲခံခဲ့တယ်ဆိုပြီး အက်ရှ်လေယန်း ဝေဖန်

11:46 AM, 20 March

အက်ရှ်လေယန်းက အက်စတွန်ဗီလာအသင်းဟာ အနိုင်ယူနိုင်ဖို့ ခက်တယ်ဆိုတာ ဖလားရသလို အောင်ပွဲခံနေတဲ့ အာဆင်နယ်အသင်းကို ကြည့်ရင် သိနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဗီလာကို အဝေးကွင်းမှာ ၁ဂိုးထဲနဲ့ ကပ်နိုင်ခဲ့ပြီး ထိပ်သီး၄သင်း မျှော်လင့်ချက်အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်လာစေခဲ့ပါတယ်။

ဗီလာကတော့ ယမန်နေ့ည ရှုံးပွဲကြောင့် ၁ပွဲလျော့နေပေမဲ့ ၀ုဗ်နဲ့ ၁၀မှတ်ကွာသွားပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက် ယိမ်းယိုင်လာခဲ့ပါတယ်။

ပွဲအပြီးမှာ ယန်းက “ကျွန်တော်တို့ကွင်းကို ကစားရခက်တဲ့ကွင်း ဖြစ်စေချင်ခဲ့ပြီး ပြိုင်ဘက် ကစားရခက်အောင်လည်း လုပ်နိုင်ခဲ့ပါတယ်”

“သူတို့ အောင်ပွဲခံနေတဲ့ပုံစံက ရိုးရိုးသားသား ပြောရရင် ပရီးမီးယားလိဂ်ဖလား ရသွားသလိုပါပဲ။ ဒါပေမဲ့ အဲ့ဒါကပဲ ကျွန်တော်တို့က ကစားရခက်တဲ့  အသင်းဆိုတာ ပြသနေပါတယ်”

“ကျွန်တော်တို့ အသင်းကို ဥရောပဝင်ခွင့် ရစေချင်လို့ ကြိုးစားနေကြသလို အားလုံးကလည်း အဲဒီဝင်ခွင့်တွေ ပြန်ရစေချင်ကြပါတယ်”

“ဒါကြောင့် ကျွန်တော်တို့ အိမ်ကွင်းကို ကစားရခက်တဲ့ ကွင်းအဖြစ် လုပ်ဆောင်နေကြပေမဲ့ ကိုယ့်ကွင်းမှာကိုယ် နိုင်ပွဲရဖို့လည်း လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

ဝါရင့်ကစားသမားဟာ ယခုနှစ်ရာသီ ဗီလာအတွက် ပြိုင်ပွဲစုံ ပွဲ၂၀ ပါဝင်ကစားပေးထားကာ ၂ဂိုးဖန်တီးပေးခဲ့ပါတယ်။

ယန်းဟာ များသောအားဖြင့် ဘယ်နောက်ခံလူနေရာမှာ ကစားရပေမဲ့ တစ်ခါတစ်ရံ wing back၊ ကွင်းလယ်လူ အဖြစ်လည်း ကစားခဲ့ရကာ ခြေစွမ်း ပြနိုင်ခဲ့ပါတယ်။

#အာဆင်နယ် #အက်စတွန်ဗီလာ #အက်ရှလေယန်း