လိဒ်စ်ယူနိုက်တက်ကြယ်ပွင့်ကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ လီဗာပူး
11:27 AM, 20 March
လီဗာပူးအသင်းဟာ လိဒ်ယူနိုက်တက်တိုက်စစ်မှုး ရာဖင်ဟာကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေပါတယ်လို့ ဂျာနယ်လစ် ရိုမန်နိုက ပြောဆိုထားပါတယ်။
ဘရာဇီးနိုင်ငံသားဟာ လိဒ်စ်အသင်းရဲ့ ၂၀၂၀ ခုနှစ်တွင် ပရီးမီးယားလိဂ်သို့ မရောက်ရှိမီအချိန်တွင် ပြင်သစ်ကလပ် ရန်းနက်စ်မှ ပြောင်းရွေ့လာသူ ဖြစ်ပါတယ်။
အသင်းသို့ ပြောင်းရွေ့လာကတည်းက ရာဖင်ဟာက အကောင်းဆုံးကစားထားကာ ၂၀၂၀ ခုနှစ်တွင် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အတွက် ခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။
သူဟာ အရင်ကတည်းက လီဗာပူး၊ တော့တင်ဟမ်၊ ချဲလ်ဆီး၊ ဝက်စ်ဟမ်းတို့နှင့် ဆက်သွယ်မှုတွေရှိနေခဲ့ပြီး လိဒ်စ်ကသာ တန်းဆင်းသွားခဲ့ရပါက သူ့ကို ပေါင် ၂၅ သန်းဖြင့် ရရှိနိုင်မယ်လို့ ရိုမန်နိုက ပြောထားပါတယ်။
"လီဗာပူးဟာ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လိဒ်စ်ကသာ တန်းဆင်းသွားခဲ့ရရင် စိတ်ဝင်စားဖို့ ကောင်းတာတွေဖြစ်လာမှာပါ။ ပေါင် ၂၅ သန်း ဝန်းကျင်လောက်သာရှိမှာဖြစ်ပြီး ဈေးကွက်အတွက်လည်း ကြီးမားတဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်" လို့ ရိုမန်နိုက YouTube မှာ ပြောထားပါတယ်။
"ဇန်နဝါရီ အပြောင်းအရွေ့ဈေးကွက်မှာတုန်းက ချဲလ်ဆီးဟာ ရာဖင်ဟာကို ခေါ်ယူဖို့ ထိပ်တန်းမှာရှိခဲ့တာပါ"
ပေါ်တိုမှ လူးဝစ်ဒီးယက်ဇ်ကို ဇန်နဝါရီလမှာ ခေါ်ယူခဲ့ပြီးနောက်မှာတော့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှုးမှာ ကစားသမားအင်အား တောင့်တင်းလာပါတယ်။
အသင်းရှိကစားသမား တစ်ဦးသာ ထွက်ခွာသွားခဲ့ပါက လီဗာပူးအသင်း တိုက်စစ်မှုးကို ငွေကုန်ကြေးကျခံပြီး ဝယ်ယူမှာမဟုတ်တော့ပါဘူး။
ရာဖင်ဟာကို ဝယ်ယူတာက အသင်းရဲ့နာမည်ကြီး တိုက်စစ်အတွဲဖြစ်တဲ့ ဆာလက်၊မာနေး၊ဖာမီနိုတို့ကို အဆုံးသတ်သွားစေနိုင်ပါတယ်လို့ အာဆင်နယ်တိုက်စစ်မှုးဟောင်း ကီဗင်ကမ်းဘဲလ်က ပြောပါတယ်။
"ဒါဟာ တိုက်စစ်မှုး ၃ဦးဖြစ်တဲ့ ဆာလက်၊မာနေး၊ဖာမီနိုတို့ရဲ့ အဆုံးသတ်ဖြစ်လာနိုင်ပါတယ်"
"အောင်မြင်လာဖို့အတွက် ဆာလက်နှင့် မာနေးတို့က ခက်ခဲတဲ့အခြေအနေတွေကနေ ကစားခဲ့ရသူတွေဖြစ်ပါတယ်။ သူတို့တွေက ကောင်းမွန်တဲ့ကစားသမားတွေဖြစ်ပြီး အသင်းမှာဆက်ရှိနေဖို့အတွက် လစာငွေတိုးပေးရမှာဖြစ်ကာ ပေးမလား မပေးဘူးလား ဆိုတာက လီဗာပူးအသင်းအပေါ်မှာ မူတည်နေပါတယ်"
"သူတို့နှစ်ဦးစလုံး အသင်းကနေထွက်ခွာသွားတာလည်းဖြစ်နိုင်ပါတယ်"
"သူတို့က ရာဖင်ဟာကို အလိုရှိခဲ့မယ်ဆိုရင်လည်း အသင်းမှာ ဒီးယက်ဇ်နှင့် ဂျိုတာတို့က ရှိပြီးသာလည်းဖြစ်ပါတယ်။ ဒီကစားသမားတွေကလည်း အရန်ခုံမှာ ထိုင်နေကြမယ့်သူတွေမဟုတ်ပါဘူး။ အခုတော့ နောက်မှာ အယ်လီးယော့လည်း ရှိလာပြီဖြစ်ပါတယ်"
"ဒါဟာ လီဗာပူးမှာ ပြောင်းလဲခြင်းဖြစ်လာမှာဖြစ်ပြီး ရာဖင်ဟာက အဲ့ဒီရဲ့ ကြီးမားတဲ့အစိတ်အပိုင်း ဖြစ်လာနိုင်ပါတယ်" လို့ ကမ်းဘဲလ်က ပြောပါတယ်။
#လီဗာပူး #လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့ #ရာဖင်ဟာ