ရှေ့သို့
Image

ထိပ်ဆုံး ၄သင်းနေရာအတွက် တော့တင်ဟမ်ဟာ အာဆင်နယ်ထက်ပိုပြီး အလားအလာရှိနေတုန်း ဖြစ်ပါတယ်လို့ ဆိုလိုက်တဲ့ မာတင်ကီယွန်း

10:13 AM, 20 March

တော့တင်ဟမ်အသင်းဟာ ထိပ်ဆုံး ၄သင်းအတွင်းသို့ ဝင်ရောက်ဖို့ အကောင်းဆုံးအနေအထားမှာရှိနေတုန်း ဖြစ်ပါတယ်လို့ အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်းက ဆိုလိုက်ပါတယ်။


ထိပ်ဆုံး ၄သင်းအတွက် အရေးပါတဲ့ပွဲစဉ်အဖြစ် ကွန်တီရဲ့အသင်းဟာ ဝက်စ်ဟမ်းယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့အသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် နိုင်ငံတကာပွဲစဉ်များ ကစားမှုမတိုင်ခင်မှာ သူတို့အသင်းဟာ အာတီတာရဲ့အသင်းနှင့် ၃ မှတ်အကွာ အမှတ်ပေးဇယားတွင် ဝက်စ်ဟမ်းနှင့် ယူနိုက်တက်တို့ရဲ့အထက်မှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ 


အဝေးကွင်းမှာ ဗီလာကို ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်ဟာ အဆင့် ၅ နေရာက ယူနိုက်တက်ကို တစ်ပွဲလျော့ဖြင့် ၄ မှတ်ဖြတ်ထားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်တီရဲ့အသင်းဟာ ထိပ်ဆုံး ၄သင်းအတွင်းသို့ ဝင်ရောက်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတုန်းဖြစ်ပါတယ်လို့ မာတင်ကီယွန်းက ထင်နေပါတယ်။


"ပွဲတွေကစားဖို့ အများကြီးရှိပါသေးတယ်၊ ထိပ်ဆုံး ၄သင်းအတွင်း ဝင်ရောက်ဖို့အတွက် ကျွန်တော်က တော့တင်ဟမ်ကို ပိုပြီး သဘောကျနေပါတယ်။ အာဆင်နယ်က နံပါတ် ၄ နေရာမှာရှိနေတယ်ဆိုတာ ကျွန်တော်သိသော်လည်း ပွဲစဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့အသင်းဟာ ချဲလ်ဆီး၊ တော့တင်ဟမ်တို့နှင့် ပွဲကျပ်ကစားရဖို့ရှိနေပါတယ်။ ဒါဟာ သူတို့အသင်းရဲ့လက်ထဲမှာရှိနေပြီး လက်ရှိခြေစွမ်းတွေကို အကောင်းဆုံးထိန်းထားနိုင်ခဲ့မယ်ဆိုရင်တော့ အဆင်ပြေမှာဖြစ်သော်လည်း ပွဲတွေက ကစားဖို့ အများကြီးကျန်နေပါသေးတယ်" လို့ ပြောပါတယ်။


ဆာကာရဲ့ဂိုးကြောင့် ဂျရက်ရဲ့အသင်းနှင့်ပွဲမှာ အနိုင် ၃ မှတ်ရရှိခဲ့ပါတယ်။ ထိပ်ဆုံး ၄သင်းအတွင်းသို့ ဝင်ရောက်ဖို့အတွက်ရှိနေတုန်းဖြစ်သော်လည်း အာဆင်နယ်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို သေချာပေါက် ချမှတ်နိုင်ရမှာဖြစ်ပါတယ်လို့ ကီယွန်းက ထင်နေပါတယ်။


"လွန်ခဲ့တဲ့နှစ်များစွာအတွင်း လုပ်ဆောင်ခဲ့တာတွေကြောင့် အာဆင်နယ်အသင်းဟာ အသင်းရဲ့နာမည်ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်နေတာပါ။ အခုတော့ ပရိသတ်တွေက အာဆင်နယ်ဆိုတဲ့ အရသာကို ကောင်းကောင်းခံစားနေရတာဖြစ်ပြီး အသင်းက ပိုပြီးတောင့်တင်းပြီး ထူးခြားလာတယ်ဆိုတာကို သူတို့တွေလည်းသိနေပါတယ်"


"သူတို့တွေက အကောင်းဆုံးကစားနေတာဖြစ်သလို ထိခိုက်မှုဒဏ်တွေကိုလည်း ကောင်းကောင်းခံနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်တန်းက ဂါဘီရယ်ဆိုရင်လည်း အရမ်းကိုကောင်းနေသလို ဘန်ဝှိုက်ကလည်း ခြေစွမ်းပြသထားပါတယ်။ ကွင်းလယ်က ပါတေးကတော့ အတွက်တော့ အရဲစွန့်ပြောဖို့ လိုပါသေးတယ်"ပရီးမီးယားလိဂ်


"နေရာအားလုံးက ကောင်းမွန်နေပြီး ကွင်းအတွင်းရှိကစားသမားတွေကလည်း သူတို့တွေရဲ့တာဝန်ယူမှု တာဝန်ခံမှုကို သိရှိပြီး သူတို့ရဲ့အလုပ်တွေကို အကောင်းဆုံးလုပ်နေတာပါ။ သူတို့တွေ့ရဲ့ အကောင်းဆုံးလုပ်ဆောင်မှုတွေက ရမှတ် ၃ မှတ် ရရှိခဲ့တာဖြစ်ပါတယ်" လို့ ကီယွန်းက ပြောပါတယ်။

#အာဆင်နယ် #တော့တင်ဟမ် #မာတင်ကီယွန်