ရှေ့သို့
Image

ယူကရိန်းကစားသမားတွေကို စာချုပ်တွေကို ဖျက်သိမ်းခွင့်ပေးထားတဲ့ ဖီဖာ

10:02 AM, 20 March

ယူကရိန်းရှိ ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ဖီဖာက ချက်ချင်းဆိုသလို တုန့်ပြန်ဆောင်ရွက်ထားတာဖြစ်ပြီး ယူကရိန်းနိုင်ငံသားကစားသမားတွေကို လက်ရှိအသင်းနှင့်စာချုပ်ကို ဖျက်သိမ်းကာ နိုင်ငံကနေထွက်ခွာပြီး နောက်ထပ်ကလပ်အသစ်ရှာဖွေခွင့် ပေးထားတာဖြစ်ပါတယ်။


အပြောင်းရွေ့ဈေးကွက်ပိတ်ထားသော်လည်း နိုင်ငံကနေထွက်ခွာဖို့လုပ်ဆောင်နေတဲ့ ကစားသမားတွေဟာ အခြားကလပ်နှင့်ချက်ချင်း မှတ်ပုံတင်မှုတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်လို့ Spox ကဖော်ပြထားပြီး ဗုဒ္ဓဟူးနေ့မှာ ဖီဖာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ယူကရိန်းတွင် အသက် ၁၈နှစ်မှ ၆၀ နှစ်အကြား အမျိုးသားတွေကို စစ်တပ်သို့ဝင်ရောက်ဖို့ ကြေညာထားပြီး နိုင်ငံမှာသာ ဆက်လက်ရှိနေရမှာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ နယ်ခြားရွေ့ပြောင်းမှု စည်းမျဉ်းအရ ကစားသမားတွေကတော့ နိုင်ငံကနေထွက်ခွာနိုင်နေတာဖြစ်ပါတယ်။


သို့သော်လည်း ပြဿနာကတော့ ကလပ်၁ခုစီတိုင်းဟာ ကစားသမား ၂ဦးကိုသာ ခွင့်ပြုနိုင်မှာပဲဖြစ်ပါတယ်။ ယူကရိန်းနျင့် ရုရှားရှိ ကစားသမားတွေနဲ့ နည်းပြတွေဟာ ကလပ်ပြောင်းရွေ့နိုင်ပြီး နိုင်ငံရပ်ခြားသို့ ပြောင်းနိုင်ပါတယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ် အစောပိုင်းတုန်းက ဖီဖာက ကြေညာခဲ့ပါတယ်။


ယူကရိန်းရှိလက်ရှိအခြေအနေ တိုးတက်လာခြင်းနှင့်အတူ ဘိုင်ယန်မြူးနစ်ကတော့ ရှက်တာဒိုးနက်အသင်းရဲ့ ညာနောက်တန်းကစားသမား ဒိုဒို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

#ဖီဖာ #ယူကရိန်း #ရုရှား