ရှေ့သို့
Image

ဆာလက် ထွက်ခွာခဲ့ရင် အာဆင်နယ်ကြယ်ပွင့်ကို ခေါ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ အင်္ဂလန်ဂိုးသမားဟောင်း

3:38 PM, 19 March

အင်္ဂလန်ဂိုးသမားဟောင်း ရိုဘင်ဆင်က ဆာလက်သာ ထွက်ခဲ့ပါက အာဆင်နယ်ကြယ်ပွင့် ဆာကာကို ခေါ်ယူရန် လီဗာပူးအသင်းအား တိုက်တွန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ်တွင် မန်စီးတီးနဲ့အပြိုင် အမှတ်ပေးဖလားတိုက်ပွဲဝင်နေတဲ့ လီဗာပူးအသင်းမှာ ဆာလက်၊မာနေး၊ဖာမီနိုတို့ ၃ယောက်စလုံး ၂၀၂၃ နွေရာသီတွင် စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် တော့တင်ဟမ်နှင့်အင်္ဂလန်ဂိုးသမားဟောင်း ရိုဘင်ဆင်က ကလောပ့်ရဲ့ စီမံခန်ခွဲမှု ထူးချွန်တာကြောင့် အားဖြည့်မှု အကောင်းဆုံး လုပ်နိုင်မယ်လို့ထင်နေပါတယ်။

“သင်အနေနဲ့ ကလောပ်နဲ့ ကစားသမားတွေရဲ့ ဆက်ဆံရေးကို ကြည့်မယ်ဆိုရင် သူရဲ့ စီမံခန်ခွဲမှု စွမ်းဆောင်ရည်ကို တွေ့ရမှာပါ သူအတွက် ဘယ်သူကများ မကစားချင်မှာလဲ? ။လီဗာပူးက ပြိုင်ပွဲတိုင်းအတွက် ယှဉ်ပြိုင်မှု ရှိနေပါတယ်။ ကလပ်အတွက် လက်ရှိက ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ သူတို့ဆာကာအတွက် ငွေအင်အားရှိတယ်ဆိုရင် ဆာလက်သာ ထွက်သွားပါက ဆာကာဟာ လီဗာပူး စောင့်ကြည်သင့်တဲ့ ကစားသမားမျိုးပါပဲ။ သူက ထိပ်တန်းကစားသမားပါ”ဟု ပြောကြားခဲ့ပါတယ်။

တိုက်စစ်သမား ၃ယောက်စလုံးဟာ ၁၅လတာ ကျန်ရှိတော့တာကြောင့် လီဗာပူးအနေနဲ့လည်း လူအင်အားဖြည့်တင်းဖို့တွင် ခေါင်းကိုက်နိုင်ပါတယ်။လက်ရှိမှာလည်း ဆာလက်ရဲ့ စာချုပ်နဲ့ပတ်သက်လို့ဆွေးနွေးမှုတွေက အဆင်မပြေသေးဘဲ ဖြစ်နေတဲ့အတွက် အပြောင်းအရွှေ့သတင်းတွေက ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။အထူးသဖြင့် ဆာလက်ကို ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် မျက်စိကျနေကြပါတယ်။

#လီဗာပူး #ဆာလက် #ဆာကာ #ရိုဘင်ဆင်